ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၈၄

531 30 0
                                    

Smile reflection eye (P 84)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

''ရပါတယ် ကိုယ်က မင်းနဲ့ အတူရှိနေရင် ပျော်နေတာ''

''ဟင်း ဟင်း''

''ဘာရယ်တာလဲ''

''ကျွန်တော်နဲ့ တူနေလို့ပေါ့''

''အော်''

kit//
ကျွန်တော် ပြောပီး ပြုံးပြလိုက်တော့ သူက သေချာကြည့်နေသည်။ ပီးတော့ သူက

''ကိုယ် အနိုင်ကျင့်မှာ မကြောက်ဘူးလား''

''မကြောက်ပါဘူး''

''ဘာလို့လဲ''

''ကျွန်တော်က ချစ်နေရလို့''

''ကိုယ်လည်း ချစ်ပါတယ်ကွာ''

''အင်း''

သူက ကျွန်တော့်ပါးလေးကို ကိုင်ပီးပြောလိုက်သည်။ ကျွန်တော်တို့ ကြည့်ပီး ခဏထိုင်နေလိုက်သည်။ အဲချိန်မှာ ကျွန်တော့်ဖုန်းမြည်လာသည်။ ကျွန်တော်လည်း TV ကို ပိတ်ပီး ဖုန်းကိုင်လိုက်တော့ oaujun က

''kit ငါတို့မလာနိုင်တော့ဘူး''

''ဟာ ဘာလို့လဲ''

''fait က သူ သွားစရာရှိလို့ မလာနိုင်ဘူးတဲ့ ''

''မင်းကရော''

''မင်းကလည်း နှလုံးသားမရှိလိုက်တာ''

''ဘာလို့လဲ''

''မင်းတို့နှစ်ယောက်ကငါ့ရှေ့မှာ ချစ်ပြနေမှာကို ငါက ဘယ်မျက်နှာနဲ့နေရမလဲ မျက်နှာပူတာပေါ့''

''ဒါဆို ရေခဲအုပ်ထားပေးမယ်''

''မသာ မလားဘူး သွား''

''မင်းတို့ကလည်း ရက်စက်လိုက်တာ''

''ဟာ ဒါ ရက်စက်တာမဟုတ်ဘူး မင်းတို့အေးအေးဆေးဆေးနေလို့ရအောင် ကူညီပေးတာ ''

''အော် အေးပါ ကျေးဇူးတင်ပါတယ်''

''အေး ကျေးဇူးတင်ရင် မနက်ဖြန် မုန့်ဝယ်ကျွေး''

''မကျွေးဘူးကွာ''

''အေးပေါ့ အခုအဆင်ပြေနေတော့ ဘယ်ကျွေးချင်မလဲ''

''ဟင်း ဟင်း''

''ဒါဆို ဖုန်းချလိုက်ပီ''

''အေး အေး''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now