ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၆၇

591 37 0
                                    

Smile reflection eye  (p 67)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

''kit ကိုလာခဲ့မယ်''

''မလာနဲ့ ကျွန်တော် ပြန်တော့မယ်''

sing//
သူက ပြန်မယ်ဆိုတော့ စိတ်မကောင်းပေ။ ပီးတော့ တစ်ယောက်တည်းဆိုတော့ ပိုလို့တောင် စိတ်မချဖြစ်နေသည်။ ကျွန်တော် ဘာလုပ်ရမှန်း မသိဖြစ်နေချိန်မှာ kit က

''p' ကျွန်တော် ဖုန်းချလိုက်ပီနော်''

''kit ကိုယ်လာခဲ့မယ် ဘယ်မှ မသွားနဲ့နော် ''

''p' မလာ...''

သူ့စကားမဆုံးခင် ကျွန်တော်ဖုန်းချလိုက်သည်။ ပီးတော့ အခန်းထဲဝင်လိုက်ပီး off ပခုံးကို ပုတ်ပီး

''ငါ ပြန်တော့မယ် မင်းတို့ဆက်ရှာလိုက်တော့ နောက်မှ ငါယူတော့မယ်''

''ဟ ဘာဖြစ်တာလဲ''

''kit စောင့်နေတယ် ''

''ဟာ မင်းကလည်း ပြန်ခိုင်းလိုက်လေ''

''သွားပီ နောက်မှ ပြောတော့''

ကျွန်တော် လွယ်အိတ်နဲ့ စာအုပ်တွေယူကာ ထွက်လာခဲ့သည်။ ပီးတော့ ကျွန်တော် အပြင်ရောက်တော့ပြေးသွားလိုက်သည်။ သူရပ်နေတာတွေ့တော့ မျက်နှာကမကောင်းပေ။ ကျွန်တော် သူ့နားရောက်တော့ မျက်နှာလေး မဲ့ပြပီး

''ဘာလို့လာတာလဲ ကျွန်တော် ပြန်လို့ရပါတယ်ဆိုမှ''

''ကိုယ်မှ စိတ်မချတာ''

''p' မှ မအားတာ အားရင်တစ်မျိုးပေါ့''

''မင်းတစ်ယောက်တည်း ပြန်ရမှာလေ''

''ဘာဖြစ်လဲ တစ်ယောက်တည်းပြန်တော့ သွား p' လည်း စာပြန်သွားလုပ်လိုက်''

''kit ကိုယ်ပြေးလာရတာ မောနေတာကို အမောဖြေလေး မပေးပဲ ဆူနေတာလား''

''မဆူပါဘူး ပြောပြတာ နောက်ဆို ဖုန်းမဆက်နိုင်ရင်တောင် စာလေးပို့ထားပေါ့''

''ကိုယ်မေ့သွားလို့ပါ''

''မေ့တာ အရေးမကြီးဘူး စာက အရေးကြီးတယ် ကျွန်တော့်ကိုစိတ်မပူပါနဲ့''

''ကိုယ်ကတော့ စိတ်ပူတယ်''

''p'ကလည်း ပြန်ဆိုတာကို ပြောမရဘူး''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now