ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၇၂

628 34 0
                                    

Smile reflection eye (P 72)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

''ကဲပါ ရန်ဖြစ်မနေနဲ့ စား mom က အားရပါးရစားတာကြိုက်တာ''

par က
''mom ပီးရင် ကိုယ်​ ဝယ်လာတဲ့ မုန့်တွေအကုန်ကျွေးလိုက်နော်''

''အင်းပါ ကျွေးမှာပေါ့''

par က
''ငါလည်း သူတို့ကို ခဏ ခဏ ခေါ်ရင် ကောင်းမယ် ပျော်စရာကြီး''

jan က
''ခေါ်ရင်လာပီးသားပဲနော် par ''

''အေးပါ အေးပါ ငါတို့လည်း သားသမီး များများမမွေးထားတော့ ပျင်းစရာကြီး ပျော်ဖို့ကောင်းအောင် kit မိန်းမရရင် သူ့ကို ကလေးများများမွေးခိုင်းရမယ်''

''ဟာ par ဘာတွေပြောနေတာလဲ''

ကျွန်တော် တားပီး p'sing ကို လှမ်းကြည့်လိုက်တော့ p'sing က မျက်နှာပျက်သွားပီးကျွန်တော့်ကို ကြည့်နေသည်။ ကျွန်တော်လည်း သူ့ကို ကြည့်နေလိုက်သည်။  သူငယ်ချင်းတွေကလည်း ကြောင်ပီး ကျွန်တော်တို့ကို ကြည့်နေသည်။ ဒါနဲ့ ကျွန်တော်က ပြုံးပြပီး

''p' စားလေ ယူဦးနော်''

''အင်း''

အဲတော့မှ သူက ပြုံးပြပီး ခေါင်းညိတ်ပြသည်။ p' စိတ်မကောင်းဖြစ်သွားတာကို ကျွန်တော် သတိထားမိပါတယ် ကျွန်တောအတွက် p' တစ်ယောက်တည်း ရှိနေရင် ရပီ ဘာမှ မလိုချင်ဘူး အဲဒါ အသေအချာဆိုတာ p' သိပါစေ။ ကျွန်တော် စားနေရင်းနဲ့ သူ့ကို တစ်ချက် တစ်ချက် လှမ်းကြည့်မိသည်။ သူကတော့ ဆက်စားနေသည်။ ကျွန်တော်တို့ရဲ့ ထမင်းဝိုင်းက တိတ်ဆိတ်သွားပီး စားနေကြတဲ့ ဇွန်းသံ များသာ ကြားနေရသည်။

''ချွင် ချွင်''

sing//
ကျွန်တော်တို့ပျော်ရွှင်ပီး စားသောက်နေတဲ့ အချိန်မှာ kit ရဲ့ par ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် စိတ်ထဲမကောင်းဖြစ်သွားသည်။ သူ့မိဘရဲ့ ဆန္ဒကို သိလိုက်ရတော့ စိတ်ပူသွားမိသည်။ ကျွန်တော်တို့ရဲ့ အခြေအနေကို သိသွားရင် ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ တွေးနေမိသည်။

ကျွန်တော်တို့ တိတ်ဆိတ်စွာ စားနေရင်း kit က ကျွန်တော် စိတ်မကောင်းဖြစ်သွားတာကို သိနေတော့ စားနေရင်း တစ်ချက် တစ်ချက်လှမ်းကြည့်သည်။ ကျွန်တော်လည်း ဘာမှ မဖြစ်သလို ပြုံးပြလိုက်သည်။

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now