ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၆၂

691 40 0
                                    

Smile reflection eye  (P 62)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

sing//
ကျွန်တော်တို့ ပြန်လာတော့ သူ့အိမ်ရောက်တော့ နှုတ်ဆက်ပီးဆင်းသွားသည်။ ကျွန်တော်လည်း အိမ်သို့ ဆက်ပါလာခဲ့သည်။

သူ စိတ်ပူနေတယ်ဆိုတာ သိပါတယ် သူရဲ့ ပူပန်မှုတွေကို ဖြည်သိမ့်တဲ့ အနေနဲ့ စနောက်နေလိုက်သည်။ ဒါပေမဲ့ ကျွန်တော် ရင်ထဲမှာ သူ့လိုပင် ပူပန်နေတာပါ။ ကျွန်တော်ကတော့ မိဘတွေကို ခွင့်ပြုချက်ရအောင် လုပ်မှာပါ။ အခုတော့ စောပါသေးတယ် သူက ငယ်သေးတော့ အခုချိန် ခွင့်တောင်းရင် လက်မခံမှာ သေချာသည်။ ဒါကြောင့် ကျောင်းပီးတဲ့ထိ သည်းခံစောင့်ရမည်။

ကျွန်တော်လည်း အိမ်ရောက်တော့ ဧည့်ခန်းတွင် oaujun နဲ့ p'jane က mom တို့နဲ့ စကားပြောနေသည်။ ကျွန်တော် နှုတ်ဆက်ပီး အပေါ်တက်လာခဲ့သည်။ ပီးတော့ စားပွဲခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ ပီးတော့ နဖူးပေါ်မှ ဆံပင်တွေကို စုယူဆုပ်ကိုင်လိုက်ပီး စားပွဲပေါ်လက်ထောက်ကာ ခတ္တမျက်စိမှိတ်ပီး နေလိုက်သည်။ ခဏနေတော့ ကျွန်တော် ရေချိုးခန်းထဲ ဝင်လိုက်သည်။ ပီးတော့ စာထိုင်လုပ်နေလိုက်သည်။

kit//
ကျွန်တော် အိမ်ရောက်တော့ ရေချိုးပီး mom တို့နဲ့ ထမင်းစားလိုက်သည်။ ပီးတော့ အပေါ်ပြန်တက်ပီး စာလုပ်နေလိုက်သည်။ အတန်ကြာတော့ စာလုပ်ပီး ကျွန်တော် ကုတင်ပေါ်တွင် လှဲလိုက်သည်။ ကျွန်တော့်ရဲ့စိတ်ပူနေတာတွေကို p'sing ရဲ့ ဖြေသိမ့်မှုကြောင့် ပူပန်မှုတွေ လျော့ကျသွားပေမဲ့ ကျွန်တော် စိတ်ထဲ စိုးရိမ်းစိတ်တွေက ထင်ကျန်နေခဲ့သည်။

ဒါကို p'sing သိမှာ စိုး၍ ဟန်ဆောင်နေလာခဲ့ရသည်။ ကျွန်တော်ရဲ့ အပူတွေကို p'sing ဆီကို မကူးဆက်စေချင်ပေ။ သူ့ရဲ့ ပျော်ရွှင်မှုတွေကို ကျွန်တော့်ရဲ့ အပူတွေ အုပ်မိုးသွားမှာ ကြောက်နေမိသည်။ ဒါ့ကြောင့် သူနဲ့ အလိုက်သင့်နေလာခဲ့ရသည်။

'ကျွန်တော် p'sing ကို ချစ်တယ် p' ကျွန်တော် ဘယ်လိုမှ မဝေးကွာချင်ဘူး ကျွန်တော် ဘယ်လိုနည်းနဲ့ပဲ p' နဲ့ နီးစပ်နေဖို့ ကျွန်တော် ကြိုးစားနေမှာပါ ကျွန်တော့်ကိုတော့ မထားခဲ့ပါစေနဲ့လို့ ဆုတောင်းနေပါတယ် p'ရယ်'

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now