ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၁၂၃

735 28 5
                                    

Smile reflection eye (P 123)
(ပြုံးရောင်ဟပ်မျက်ဝန်း)

''အိပ်တော့နော်''

''အင်း''

sing//
ကျွန်တော်က ခေါင်းညိတ်ပြပီး မျက်လုံးလေးမှိတ်လိုက်တော့ သူက ထသွားသည်။ ကျွန်​တော်လည်း မှေးနေလိုက်သည်။ သူကတော့ စာလေ့လာနေသည်။ ခဏကြာတော့ ကျွန်တ်ာလည်း အိပ်ပျော်သွားသည်။ သူ ဘယ်အချိန် ဝင်အိပ်လိုက်မှန်းမသိပေ။ မနက်ရောက်တော့ ကျွန်တော် အလန်းပေးထားတာ မြည်တော့မှ မျက်လုံးဖွင့်ကြည့်တော့ သူက ကျွန်တော့်ကို ဖက်ပီး အိပ်နေသည်။ ဒါနဲ့ ကျွန်တော်က

''ချစ် ထတော့လေ''

''အာ အိပ်ဦးမယ်''

''အိပ်ချင်ရင် မနက်ဖြန်ပိတ်ရက်ဆိုတော့ အဲကျမှ အဝအိပ် ဒီနေ့တစ်ရက်တော့ထလိုက်နော်''

''အွန်း''

သူက ညည်းပီး ကျွန်တော့်ခါးကို အတင်းဖက်လိုက်တော့ ကျွန်တော်က

''အေးနော် ကိုယ် အလုပ်နောက်ကျရင် မင်းလည်း ကျောင်းတက်ခွင့်မရပဲ ကိုယ့်ကို တစ်နေကုန်တာဝန်ယူပေးရမယ်''

အဲတော့မှ ပြုံးပီး ဖက်ထားတာကိုလွှတ်လိုက်သည်။ ပီးတော့ သူက ထထိုင်လိုက်ပီး ကျွန်တော့်ကို ပြုံးပီးကြည့်နေသည်။ ကျွန်တော်လည်း ထထိုင်လိုက်တော့ သူက ကျွန်​တော်အနားသို့ ကပ်ပီး

''ကျွန်တော်က တစ်သက်လုံး တာဝန်ယူပေးမှာ''

''ဝိတ်''

''ဟင်း ဟင်း''

သူက ပြောပီး ကျွန်တော့်ပါးကို ဆွဲပီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ပီးတော့ သူက ကျွန်တော့်ကို လှည့်ရယ်ပြပီး ရေချိုးခန်းထဲဝင်သွားသည်။  ကျွန်တော်လည်း ပြုံးနေရင်းနဲ့ ကျန်ရစ်ခဲ့သည်။ ပီးတော့ ကျွန်တော်လည်း ကုတင်ပေါ်မှ ဆင်းလိုက်ပီး စောင်ခေါက်၍ နေရာတကျထားလိုက်သည်။ ခဏနေတော့ kit ထွက်လာ၍ ကျွန်တော် ဝင်ချိုးလိုက်သည်။

kit//
ကျွန်တော်လည်း p'sing ကို နောက်ပီး ရေချိုးခန်းထဲ ဝင်လာခဲ့သည်။ ခဏနေတော့ ကျွန်တော်​ရေချိုးပီး p'က ဝင်ချိုးသည်။ ခဏကြာတော့ ကျွန်တော်တို့ နှစ်ယောက်လုံးပြင်ဆင်ပီးတော့ အောက်ဆင်းလာခဲ့သည်။ mom ပြင်ပေးတဲ့ breakfast ကို စားလိုက်ကြသည်။ par ကတော့ သင်္ဘောပြန်တတ်နေ၍ အိမ်မှာမရှိပေ။

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now