ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၁၁၃

537 29 0
                                    

Smile reflection eye (P 113)
(ပြုံးေ​ရာင်ဟပ်​မျက်​ဝန်း)

''အေး အေး ဒါဆို ဒါပဲလေ''

''အင်း''

kit//
ကျွန်တော်လည်း ဖုန်းပြောပီး p'sing ကို လှမ်းပေးလိုက်သည်။ p' က ကျွန်တော့်ကို သေချာကြည့်ပီး ဖုန်းကို လှမ်းယူသည်။ ပီးတော့ p' က

''စားဦးလေ''

''မစားတော့ဘူး''

''လာ ဒါဆို ကိုယ်တို့ ပြန်တော့မယ်နော်''

''အင်း''

p'sing က ပိုက်ဆံရှင်းလိုက်သည်။ ပီးတာနဲ့ ကျွန်တော် ရှေ့က ထွက်လာခဲ့သည်။ mom ငိုနေတယ်ဆို​တော့ စိတ်မကောင်းဖြစ်နေမိသည်။
ကျွန်တော့်ရဲ့ ဆန္ဒကို ဦးစားပေးပီး mom တို့ကို စိတ်ပူစေခဲ့မိသည်။ ကျွန်တော် တွေးရင်းလျှောက်လာတော့ p'sing က အနောက်ကနေပီး အနားကို လျှောက်လာရင်း

''ချစ် အဆင်ပြေလား''

''ဟင် ပြေပါတယ်''

''အင်း''

sing//
ကျွန်တော်တို့ ဆိုင်ကထွက်တော့ သူက အရှေ့ကနေ ငေါင်တောင်တောင်လေးနဲ့ လျှောက်နေသည်။ သူက fait နဲ့ ဖုန်းပြောပီး ငြိမ်ကျသွားတော့ ကျွန်တော်လည်း အနောက်ကနေ သေချာကြည့်နေရင်းနဲ့ သူ့အနားကို လျှောက်သွားလိုက်ပီး မေးလိုက်သည်။ သူက တည်ငြိမ်အေးဆေးစွာ ဖြေလိုက်တော့ ကျွန်တော်လည်း သူ့မျက်နှာလေးကို သေချာကြည့်ရင်း လျှောက်လာခဲ့သည်။ ပီးတော့ ကျွန်တော်တို့ နှစ်ယောက် တိတ်ဆိတ်စွာ အဆောင်သို့ လမ်းလျှောက်လာခဲ့သည်။

အဆောင်ရောက်တော့ ကျွန်တော် ဆိုဖာခုံပေါ် ဝင်ထိုင်တော့ သူက ရေချိုးခန်းထဲ ဝင်သွားပီး ခဏနေ ပြန်ထွက်လာတော့ ကျွန်တော် ကြည့်လိုက်သည်​ သူက ပြုံးပြပီး စာကြည့်စားပွဲတွင် သွားထိုင်ပီး စာအုပ်ယူ၍ စာထိုင်ကြည့်နေသည်။ ကျွန်တော် သူ့ကို ထိုင်ကြည့်နေလိုက်သည်။ သူလည်း ခံစားနေရမှာပေါ့ သူ့အိမ်ကနေ ရုတ်တရက်ပျောက်သွားတော့ သူ့ မိဘတွေလည်း ပူဆွေးနေရမှာပေါ့ ကျွန်တော်က အဆောင်နေနေကျဆိုတော့ မိဘတွေကို အဆောင်မှာ နေမယ်ပြောလိုက်တော့ မိဘတွေက စိတ်အေးအေးနေနိုင်သည်။

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now