ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၁၁၁

521 25 0
                                    

Smile reflection eye (P 111)
(ပြုံးေ​ရာင်ဟပ်​မျက်​ဝန်း)

kit//
ကျွန်တော်လည်း သူရဲ့ အပြုံးတွေကို သေချာကြည့်နေလိုက်သည်။ အခုတော့ ကျွန်တော် သူ့ရဲ့အပြုံးတွေကို တစ်ဝကြီး ကြည့်ရတော့မယ် အခုထိ p'sing ရဲ့ ပြုံးနေတဲ့ မျက်ဝန်းတွေကို ရင်ခုန်နေဆဲပဲ ကျွန်တော် p'sing နဲ့အတူရှိနေတော့ အပျော်ကြီး ပျော်နေခဲ့သည်။ ကျွန်တော်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရင်း p'sing က

''ချစ် ဖြစ်ချင်တာတွေရှိရင် ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြောနော် အားမနာနဲ့ ''

''ဘာကိုလဲ p'...''

''မင်း အိမ်ကို ပြန်ချင်နေမလားလို့ပါ''

''p' ပြောပြန်ပီလား''

''မင်း စိတ်မကောင်းဖြစ်နေတာကို မကြည့်ချင်လို့''

''ဘယ်မှာ စိတ်မကောင်းဖြစ်လို့လဲ ဒီမျက်နှာက စိတ်မကောင်းဖြစ်တဲ့ မျက်နှာလား''

''ဟုတ်တယ်နော် ဒီမျက်နှာကြီးက ဖြီးနေတာ''

''ဟင်း ဟင်း''

ကျွန်တော်က ကျွန်တော့်မျက်နှာကို လက်ညိုးထိုးပီး ပြောလိုက်တော့ p' က ကျွန်တော့်မျက်နှာကို သေချာကြည့်ပီး သူ့လက်ဝါးနဲ့ ကျွန်တော့်မျက်နှာကို အုပ်ကိုင်ပီး ခါလိုက်ပီး ပြောတော့ ကျွန်တော်တို့နှစ်ယောက် ပြိုင်တူ ရယ်လိုက်ကြသည်။  par ကို လွန်ဆန်ပီး p'နဲ့ နေပေမဲ့ စိတ်မကောင်းဖြစ်တာတော့အမှန်ပါ ဒါပေမဲ့ ကိုယ့်ရဲ့ ခံစားချက်ကိုတော့ လျစ်လျူမရှုနိုင်ပေ။ ကျွန်တော်တို့ကြည့်နေရင်း p' က

''ကိုယ် မင်းကို အရမ်းချစ်တယ် သိလား''

''သိပါတယ် ဒါပဲပြောနေတာပဲ''

''ဟာ ချစ်လို့ချစ်တယ်ပြောတာလေ''

''ခဏ ခဏ ပြောတော့ ကျွန်တော်က ရှက်တာပေါ့''

''ရှက်တယ် ဟုတ်လား''

''အင်း''

''ဒါဆို မရှက်တော့အောင် သင်ပေးမယ်''

''ဘာလဲ''

သူက ပြောပီး ထိုင်နေရာမှ ကျွန်တော့်ကိုယ်ကို ဆိုဖာပေါ်တွန်းလှဲလိုက်ပီး ကျွန်တော့်ကိုယ်ပေါ် မှောက်ဖို့ရွယ်တော့ ကျွန်တော်က သူ့ကိုယ်လေးကို တွန်းလိုက်ပီး

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Место, где живут истории. Откройте их для себя