ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၁၁၇

549 24 0
                                    

Smile reflection eye (P 117)
(ပြုံးရောင်ဟပ်မျက်ဝန်း)

kit//
ကျွန်တော်တို့ par နဲ့ လိုက်လာတော့ par က ကျွန်တော်တို့ အိမ်ကို ခေါ်သွားသည်။ အိမ်ကိုရောက်တော့ ကားသံကြား၍ mom က အိမ်ထဲမှ အလောတကြီး ထွက်လာပီး par က ကားပေါ်က ဆင်းဆင်းချင်း အနောက်ကို မကြည့်ပဲ

''ကလေးတွေ ခေါ်လာလား''

''အေး''

par က ခေါင်းညိတ်တော့မှ mom က အနောက်ကို
လှမ်းကြည့်သည်။ ကျွန်တော်က ကားပေါ်က ဆင်းလိုက်တော့ mom က ကျွန်တော့်ကို ပြေးဖက်ပီး

''သားရယ် လုပ်ရက်လိုကိတာ mom ရင်တွေ ကွဲမတက်ခံစားနေရတာ''

''တောင်းပန်ပါတယ် mom''

mom က ငိုရင်းပြောတော့ ကျွန်တော်လည်း မျက်ရည်က ဝဲတက်လာသည်။ အနောက်မှ p'sing တို့ အကုန်ဆင်းလာကြသည်။ ကျွန်တော်က mom ကို ပြန်ဖက်ပီးပြောလိုက်တော့ mom က

''mom ကို ပွင့်ပွင့်လင်းလင်းပြောပါလား mom ဘယ်လောက်စိတ်ပူနေရလဲ သိလား''

''သိပါတယ် mom''

''နောက်တစ်ခါ စိတ်ပူအောက်မလုပ်ပါနဲ့ သားရယ် mom မခံစားနိုင်လို့ပါ ငါ့သားက ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိတော့ စိတ်ပူရတာပေါ့''

''ဟုတ်''

ကျွန်တော်က ခေါင်းညိတ်လိုက်တော့ p'sing က

'' တောင်းပန်ပါတယ် mom သားကြောင့် အဲလိုဖြစ်သွားတာပါ''

''p'..''

ကျွန်တော်က ခေါ်လိုက်တော့ သူ ကျွန်တော့်ကို လှမ်းကြည့်သည်။ ပီးတော့ မျက်နှာငယ်လေးနဲ့ ပြုံးပြသည်။

sing//
mom က kit ကိုဖက်ပီး ငိုနေတော့ ကျွန်တော်လည်း အားနာသွားမိသည်။ သနားလည်း သနညးမိသည်။ ဒါနဲ့ ကျွန်တော်လည်း တောင်းပန်ပီး ဝန်ခံလိုက်တော့ kit က တားတဲ့သဘောနဲ့ လှမ်းခေါ်တော့ ကျွန်တော်လည်း ပြုံးပြလိုက်သည်။ ဒါကို mom က

''သားတို့ အပြစ်မဟုတ်ပါဘူး အဲဒါ par အပြစ်''

''ဟ ဘာဆိုင်လို့ ငါက ပါလာတာလဲ''

''ရှင်က သဘောမတူဘူးဆိုပီး ကလေး ဗြဲချောက်နေတော့ ကလေးတွေလည်း မစဉ်စားသင့်တာတွေ စဉ်းစားပီး လုပ်ကုန်တာပေါ့''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now