Smile reflection eye (P 69)
(ပြုံးရောင်ဟပ်မျက်ဝန်း)sing//
ကျွန်တော် kit နဲ့ စကားပြောပီး ဖုန်းချကာ အိပ်လိုက်သည်။ စနေနေ့ တစ်နေကုန် စာလုပ်လိုက် ထမင်းဆင်းစားလိုက်နဲ့ တစ်နေကုန်သွားသည်။ ည ထမင်းစားချိန်ပီးလို့ စာထိုင်လုပ်နေတဲ့ အချိန်မှာ message ဝင်လာလို့ ကြည့်လိုက်တော့ kit ဖြစ်နေသည်။ ဝင်ကြည့်လိုက်တော့'darling မနက်ဖြန်လာဖို့ မနေ့နဲ့နော် 😘'
'ချစ်'
လို့ ပို့ထားသည်။ ဒါနဲ့ ကျွန်တော်လည်း လက်ထဲမှ ဘော်ပင်ကို ချကာ message ပြန်ပို့်လိုက်သည်။
'ဘယ်မေ့လိုဖြစ်မလဲ လာမယ်နော် ချစ် '
ချစ်တယ်
'darling'လို့ ပြန်ပို့လိုက်သည်။ ပီးတော့ စာပြန်လုပ်လိုက်သည်။ ခဏနေတော့ စာပြန်ဝင်လာသည်။ ကြည့်လိုက်တော့
'အင်း' တစ်လုံးတည်း ပြန်ပို့လို့ကျွန်တော်က
'ချစ် ဘာလုပ်နေလဲ' လို့ပို့တော့
'ဂိမ်းဆော့နေတယ် စာလုပ်ပါ စာပြန်မပို့နဲ့တော့' တဲ့ ကျွန်တော်လည်း
'ဟုတ်ကဲ့ p'... 😘'
ဆိုပီး kiss ပုံလေးပို့ပီး ပိတ်လိုက်သည်။ ပီးတော့ စာပြန်လုပ်နေလိုက်သည်။ မနက် kit တို့အိမ်သွားဖို့ကို တွေးရင်း ရင်ခုန်နေမိသည်။ အိပ်ချိန်ရောက်တော့ အိပ်လိုက်သည်။
မနက်ရောက်တော့ စောစောထပီး ရေချိုးသန့်စင်ပီး အဝတ်စားတွေ ရွေးဝတ်ကာ ထွက်လာခဲ့သည်။ oaujun က အနောက်ခန်းတွင် မုန့်စားနေသည်။ ကျွန်တော့်ကို မြင်တော့
''ဘယ်လဲ''
''kit တို့အိမ်လေ''
''ဟာ ၁၀ နာရီမှလေ အခုမှ ၈ နာရီပဲရှိသေးတာ''
''အေး မင်းလည်း လုပ်တော့လေကွာ''
''p' ရယ် အဝေးကြီးသွားမှာ မဟုတ်ပါဘူး အေးအေးဆေးဆေးပေါ့ ''
ကျွန်တော်လည်း ခရားထဲမှ ကော်ဖီကို ခွက်ထဲထည့်ပီး သောက်လိုက်ရင်း
YOU ARE READING
ပြုံးရောင်ဟပ်မျက်ဝန်း (completed)
General Fictionlove friends တို့ရေ တတိယ fic လေးတင်ပီနော် အားပေးပါဦး ကျေးဇူးတင်ပါတယ်