ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၆၃

659 45 2
                                    

Smile reflection eye (P 63)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

kit//
ကျွန်တော်တို့ ဆိုင်ထဲဝင်လာတော့ p'sing က ရေဘူးတွေကိုင်လာတာတွေ့လိုက်သည်။ သူက ပြုံးပြပီး ထိုင်မယ်အလုပ်မှာ ကျွန်တော်က သူ့ရဲ့အပြုံးလေးတွေကို အသည်းယားမိသည်။ သူပြုံးလိုက်ရင် နှုတ်ခမ်းလေးကွေးရုံလေးနဲ့ မျက်ဝန်းတွေကတောက်ပလာပီး မျက်လုံးအောက်က မျက်သားလေးတွေ မို့တက်လာသည်။ သူ့အပြုံးက မျက်ဝန်းနက်နက်လေးမှာ ထင်ဟပ်နေလို့ အဲအပြုံးတွေကို ကြွေခဲ့ရတာပါ။

ကျွန်တော် သူ့ဘေးနားရောက်တော့ သူက ခုံပေါ် ရေဘူးတွေချပီး ထိုင်ဖို့အလုပ်မှာ ကျွန်တော် သူ့တင်ပါးကို လှမ်းရိုက်လိုက်သည်။ ဒါကို သူက လှည့်ကြည့်​တော့ မျက်လုံးလေးပြူးသွားပီး ကျွန်တော့်ပါးကို လှမ်းပျစ်လိုက်သည်။ ​ရေ​အေးကိုင်​လာ​တော့ ကျွန်​​တော့်​ပါး နှစ်​ဖက်​လုံး ​အေးစက်​သွားသည်​။ ကျွန်တော်လည်း ရယ်လိုက်မိသည်။ ဒါကို p'off တို့က သေချာကြည့်နေသည်။ ကျွန်တော်လည်း ဆက်မရပ်ရဲတော့တာနဲ့ fait တို့ သွားတဲ့နောက် လိုက်သွားပီး သူတို့ထိုင်တဲ့ နှစ်ခုံကျော်မှာ ဝင်ထိုင်လိုက်သည်။

ပီးတော့ သူ့ကို လှမ်းကြည့်တော့ p'off တို့နဲ့ စကားပြောနေသည်။ ကျွန်တော်တို့လည်း မှာစရာတွေ မှာပီး စောင့်နေရင်း စကားပြောနေလိုက်သည်။ ခဏနေတော့ လာချလို့ စားလိုက်သည်။ ကျွန်တော်တို့ စားနေတုံး p'sing တို့ ထွက်သွားတာ တွေ့လိုက်သည်။ ကျွန်တော်တို့လည်း သိပ်မကြာပါ စားပီး အတန်းပြန်ခဲ့ကြသည်။ စာသင်ချိန်သို့ရောက်ခဲ့ပြန်သည်။

ညနေ ကျောက်းဆင်းချိန်ရောက်တော့ fait တို့ကို နှုတ်ဆက်ပီး p'sing က မုန့်ဝယ်ဦးမယ်ဆို၍ ဆိုင်သို့ ထွက်လာခဲ့သည်။ ဆိုင်ရောက်တော့ p'sing က မုန့်မှာနေချိန် ကျွန်တော့်ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ fait ဖြစ်နေသည်။ ကျွန်တော် ဖုန်းဖြေလိုက်သည်။

''fait''

''kit ကျောင်းရှေ့မှာ မင်း par ရောက်နေတယ်''

''ဟင် ဟုတ်လား''

''အေး သူငယ်ချင်းအိမ်လာရင်း ဝင်ကြိုတာတဲ့ အဲဒါ မင်းကို အပြင်မှာ စောင့်နေတယ်''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now