ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၂၇

838 61 2
                                    

(Zawgyi)
Smile reflection eye (p 27)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

''အာ မမေးနဲ့ ငါက ဒီတိုင်းမေးကြည့်တာ သွားမမေးနဲ့နော်''

''အေးပါ''

ကျွန်တော် ပြောပီး ပတ်ဝန်းကျင်ကို ကြည့်ပီး လိုက်ပါလာခဲ့သည်။ oaujun ကတော့ အလယ်မှာထိုင်ပီး ဂိမ်းဆော့နေသည်။ fait ကတော့ ဟိုဘက်ဘေးကနေ oaujun ဆော့တာကို ကြည့်နေသည်။

sing//
ကျွန်တော် အိမ်ရောက်တော့ တစ်ယောက်တည်း အိမ်ထဲ ဝင်လာတာကို တွေ့တော့ mom က

''သား oaujun မပါဘူးလား ဘယ်မှာကျန်ခဲ့တာလဲ''

''သူက ကျောင်း ဆွေးနွေးပွဲရှိလို့ ကျောင်းမှာကျန်ခဲ့တယ်''

''ဟယ် သားရယ် nong ကို တစ်ခါတည်းခေါ်ခဲ့ပါလား တစ်ယောက်တည်းပြန်လာရဦးမယ်''

''သူ့မှာအဖော်ရှိပါတယ် နှစ်ယောက်တောင် သူတို့နဲ့ အတူတူပြန်လိမ့်မယ်''

''ဟုတ်လား ဘယ်က ကလေးတွေလဲ''

''ဟိုဘက်ရပ်ကွက်ကျော်က တစ်ယောက် ဒီရပ်ကွက် ၃ လမ်းကျော်က တစ်ယောက်ပါ''

''အော် ဒါဆိုလည်း ပီးရောလေ သားလည်း နားလိုက်ဦး''

''ဟုတ်''

ကျွန်တော်လည်း အပေါ်တက် ရေချိုးသန့်စင်ပီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အနောက်ခန်းထဲဝင်တော့ mom က ထမင်းပွဲ ပြင်ပေးနေသည်။ ဒါနဲ့ ကျွန်တော်လည်း စားသောက်ပီး အပေါ် ပြန်တက်လာခဲ့သည်။ အပေါ်ရောက်တော့ စာလုပ်နေလိုက်သည်။

kit//
ကျွန်တော်တို့ အိမ်ရောက်တော့ အိမ်ထဲဝင်လာလိုက်သည်။ mom က အသံကြားလို့ အနောက်ခန်းက ထွက်လာတော့

''အော် သားပြန်လာပီ''

''ဟုတ် mom''

mom က အနောက်မှ fait ကို မြင်သွားပီး
''သားလည်းပါလာတာလား''

''ဟုတ် mom''

ပီးတော့ mom oaujun ကို သေချာကြည့်လိုက်သည်။ မျက်နှာစိမ်းဆိုတော့ သေချာကြည့်နေရင်းမှ

''သူက ဘယ်သလဲ သား''

''သူငယ်ချင်းပါ fait တို့ ရပ်ကွက်ထဲက''

''အော် ကျောင်းအတူတူပဲလား''

''ဟုတ်တယ် mom''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)On viuen les histories. Descobreix ara