ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၄၄

852 58 0
                                    

(Zawgyi)
Smile reflection eye (p 44)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

''အမ်း ဘယ်သူပေးတာလဲ မှန်မှန်ပြော''

''အေ့လေ လန့်တောင်လန့်တယ် ပြန်လုလိုက်တာက''

ကျွန်တော် ဘာမှ မပြောပဲ လွယ်အိတ်ထဲကို ကောက်ထည့်လိုက်သည်။ သူတို့ကို ကြည့်လိုက်ပီး

''မဟုတ်ပါဘူး ငါ စားချင်လို့ပါ''

''အော် မသိပါဘူး မင်း ရည်းစားပေးတာလားလို့''

အဲလိုပဲ ဖြစ်စေချင်ခဲ့တာပါ ရည်းစားတော့ မဟုတ်ပေမဲ့ ငါချစ်နေတဲ့သူပေးတာပါလို့ ဒါကြောင့် ငါတစ်ယောက်တည်း စားချင်တယ် ဒါကိုတော့ ဝေမျှမပေးတာကိုတော့ တောင်းပန်ပါတယ်ကွာ ငါတစ်ယောက်တည်း ပိုင်ဆိုင်ချင်နေတာပါ

အင်း... ရည်းစား ရည်းစား ရည်းစားဆိုတဲ့ ဝေါဟာရကို ဘယ်တော့များမှ တပ်ခွင့်ရမလဲနော် p'sing ရယ်
ကျွန်တော် တွေးနေမိသည်။ သူတို့ကတော့ မုန့်တွေယူစားနေသည်။ လက်ဆောင်ထုတ်တွေကို ဖောက်ကြည့်နေသည်။ ကျန်တာတွေကို ဘယ်လောက်ပဲ မွှေနှောက်နေပါစေ ကျွန်တော် လိုချင်တာကို ယူထားပီးပီဆိုတော့ ဂရုမစိုက်တော့ပေ ခဏကြာတော့ ဆရာရောက်လာတာနဲ့ စာသင်လိုက်ကြသည်။

sing//
ကျွန်တော် သူ့ဆီကထွက်လာပီး အတန်းထဲ ဝင်လာခဲ့သည်။ ကျွန်တော် ပျော်နေမိသည်။ သူပေးတာလည်း စားရတယ် ကျွန်တော်လည်း ပေး ခွင့်ရလို့ ဝမ်းသာမိပါတယ် ကိုယ် ဘယ်လို ရည်ရွယ်ချက်နဲ့ပေးတယ်ဆိုတာကို မင်းမသိပါဘူးကွာ ကိုယ်မင်းကို ချစ်သူများနေ့အတွက် ကိုယ့်ရဲ့ချစ်သူလေးအနေနဲ့ စားစေချင်လို့ပါ ကိုယ်မင်းကို ဖွင့်ပြောပီး လေးလေးနက်နက်နဲ့ ပေးချင်တာပါ မင်း လက်မခံမှာ စိုးလို့ မပေးရဲခဲ့တာပါ ကျွန်တော် ခုံတွင် ထိုင်နေတုံး may က

''sing''

''ဟင်''

''ဘာတွေ တွေးနေတာလဲ''

''ဘာမှမဟုတ်ပါဘူး''

''ဟိုမှာ နင့်ကို ခေါ်နေတယ်''

''ဘယ်သူလဲ ''

''ဟိုမှာလေ''

သူပြတော့ ကြည့်လိုက်တော့ အခန်းဝမှာ ကောင်မလေး ရပ်နေသည်။ ဒါနဲ့ ကျွန်တော်ကကြည့်နေတာကို သူက လက်ရပ် ခေါ်တော့ ကျွန်တော်လည်း ထသွားလိုက်သည်။ အနားရောက်သွားတော့ သူက

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now