ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၄၆

884 63 4
                                    

(Zawgyi)
Smile reflection eye (p 46)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

''နမ်းချင်ရင် နောက်မှ နမ်းတော့ အတန်းနောက်ကျနေပီ''

''လာ ကိုယ်လိုက်ပို့မယ်''

''အင်း''

sing//
ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပီး ပြုံးလိုက်သည်။ ပီးတော့ ကျွန်တော်တို့ အောက်ကို ဆင်းလာခဲ့သည်။ သူတို့ အခန်းနားရောက်တော့ kit က

''သွားတော့လေ ဆရာမ တွေ့ရင် p' ကို ဆူလိမ့်မယ်''

''လာပါ ကိုယ် အခန်းထဲထိပို့ပေးမယ်''

''ဟာ ဘာလို့ပို့မှာလဲ ကျွန်တော် ကလေးမှမဟုတ်တာ သွားတော့ p' အတန်းရှိတယ်မလား''

''လာပါ ဆရာမက ဘာလို့ နောက်ကျလဲ မေးရင် ဘယ်လိုဖြေမလဲ''

''အမ်း မသိဘူးလေ''

''ကိုယ်သိတယ် လာ''

kit//
ကျွန်တော့်ကို အတင်းပြန်လိုက်ပို့နေလို့ သူ့ကို ပြန်ခိုင်းတာလဲ မရပေ။ ဒါနဲ့ မပြောတော့ပဲ ဆက်သွားလိုက်သည်။ သူဘာကိုသိတာလဲ စဉ်းစားမိသည်။ အခန်းရောက်တော့ ဆရာမ စာသင်နေသည်။ သူက အခန်းရှေ့မှာ ရပ်သွားသည်။ ကျွန်တော်လည်း သူ့ဘေးမှာ ရပ်လိုက်တော့ ကျွန်တော့်ကို လှမ်းကြည့်သည်။ ပီးတော့ သူက

''sawadee khar ဆရာမ ကျွန်တော့်ကို ဝင်ခွင့်ပြုပါ''

ဆရာမက စာရှင်းပြနေရင်း လှမ်းကြည့်ပီး
''အေး လာလေ sing''

သူက ဝင်သွားသည်။ ကျွန်တော် ကြောင်အန်းအန်းနဲ့ ကြည့်ပီး လိုက်ဝင်လိုက်သည်။ သူ ဘာလုပ်ဖို့လဲဆိုတဲ့ အတွေးနဲ့ ဝင်သွားလိုက်တော့ သူက ဆရာမ နားအရောက်မှာ

''ဆရာမ ကျွန်တော့်ကို ဆရာ yan က ခိုင်းလို့ အဲဒါ kit ကို ဝိုင်းကူခိုင်းလို့ သူနောက်ကျသွားတာပါ အဲဒါ သူ့ကို ဆူနေမှာစိုးလို့ ကျွန်တော် လာပို့ပေးတာ''

''အော် ရပါတယ် ဝင်ထိုင်​လေ krist''

''ဟုတ်''

ဆရာမပြောတော့ သူက ကျွန်တော့်ကို လှည့်ကြည့်သည်။ ကျွန်တော်က ပြုံးပီး ပြန်လှမ်းကြည့်လိုက်တော့ သူက မျက်တစ်ဖက်မှိတ်ပြသည်။ သူပြောတာ အောင်မြင်တယ်ဆိုတဲ့ အထာနဲ့ ကျွန်တော်လည်း ခေါင်းညိတ်ပြကာ အတန်းခုံတွင်ထိုင်လိုက်သည်။ အမှန်တော့ဆရာလည်း မခိုင်းပဲနဲ့ ပြောလိုက်ခြင်းဖြစ်​သည်။ သူက ဆရာမကို နှုတ်ဆက်၍ ထွက်သွားသည်။ ကျွန်တော် လိုက်ကြည့်နေလိုက်သည်။ ဒါကို fait က

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now