ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၅၇

763 49 0
                                    

Smile reflection eye (p 57)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

kit//
ကျွန်တော်တို့ နေ့ခင်းထမင်းစားသွားတော့ ကက်တင်းဘက်သွားတာ ဆိုင်တွင် p'sing တို့ ထိုင်စားနေတာကိုတွေ့လိုက်သည်။ ဒါနဲ့ ကျွန်တော် သူ့ကို သေချာကြည့်လိုက်မိသည်။

သူ တကယ်စိတ်ဆိုးနေတာလားဆိုတာ သိချင်တာနဲ့ ကြည့်လိုက်တော့ သူက ကျွန်တော့်ကို သေချာပြန်ကြည့်ပီး မျက်လုံးလွှဲသွားသည်။ သူတကယ်စိတ်ဆိုးနေတာပါ နောက်ဆို သူကျွန်တော့်ကိုတစ်ခုခုလုပ်ပြမှာပဲဆိုပီး သူတစ်ခုခုများလုပ်ပြမလားဆိုပီး ကြည့်ကာ လျှောက်လာခဲ့သည်။

သူတို့ခုံနားရောက်တော့ ကျွန်တော်တို့ လှမ်းနှုတ်ဆက်တာကို တစ်ချက်လှမ်းကြည့်ပီး ပြန်ငုံ့သွားသည်။ ကျွန်တော်တို့လည်း ကျော်လာပီး ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်သည်။ ထိုင်လိုက်ပီး သူ့ကို ပြန်လှမ်းကြည့်တော့ သူက ထမင်းစားနေသည်။

သူ တကယ်စိတ်ဆိုးနေတာပဲ ကျွန်တော် par ကို လာမကြိုခိုင်းတာကို သူမသိပေ။ သိရင် စိတ်ဆိုးပြေမှာပဲ။ ကျွန်တော်တို့လည်း စားစရာတွေ မှာကာ စားသောက်နေလိုက်သည်။ ခဏနေတော့ သူတို့ စားပီးလို့ ပြန်သွားကြသည်။ ကျွန်တော်တို့လည်း သိပ်မကြာပါ စားသောက်ပီးတော့ အတန်းထဲသို့ ပြန်လာခဲ့သည်။

အတန်းထဲတွင် fait တို့ mari တို့ကသာ စကားပြောနေတာ ကျွန်တော်က ဘာမှာမပြောပဲ နားထောင်နေလိုက်သည်။ ခဏနေတော့ ဆရာလာ၍ စာသင်လိုက်ကြသည်။

ညနေကျောင်းဆင်းချိန်ရောက်တော့ ကျွန်တော်တို့ ထွက်လာတော့ oaujun နဲ့ အခန်းဝမှာတွေ့လို့ အတူတူထွက်လာခဲ့သည်။ p'sing က ရပ်စောင့်နေတာတွေ့သည်။ ကျွန်တော် သူ့ကို ဘယ်လိုပြောရမှန်းမသိဖြစ်နေသည်။ သူတို့နဲ့ပဲ လိုက်ရမလား ကိုယ့်ဘာသာ ကားငှားပြန်ရမလားတွေးနေခဲ့သည်။

mari တို့က နှုတ်ဆက်ပီး ရှေ့က ထွက်သွားတော့ ကျွန်တော်တို့ လေးယောက် အနောက်ကနေ လျှောက်လာခဲ့သည်။ ကျွန်တော် မနေ့က ရပ်စောင့်တဲ့ နေရာနားရောက်တော့ fait က ရပ်လိုက်ပီး

''kit မင်း par ကို စောင့်ဦးမှာလား''

''အင်း''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now