ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၅၅

807 52 0
                                    

Smile reflection eye  (p 55)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

''မင်း ရှုံးသွားပီ''

''ဘာလဲ ''

''အနမ်းရပ်တဲ့သူ အရှုံးလေ''

''အာ မပြိုင်ဘူးလို့ပြောထားတာကို''

''ဟင်း ဟင်း စတာပါ''

sing//
ကျွန်တော် ရယ်ပီး ပြောလိုက်တော့ သူကပါ လိုက်ရယ်သည်။ ပီးတော့ သူက ကျွန်တော့်ကို ပြုံးကြည့်နေပီး

''နမ်းတာကြတော့ ကျွန်တော့်ကို အရင်မနမ်းခိုင်းတော့ဘူးပေါ့''

''အမ်း''

''p'sing က အမြဲ ကျွန်တော့်ကို အရင်မေး မေး နေတာလေ''

''အော အဲလိုလား ဒါဆို နမ်း နမ်း''

သူက ပြောတော့ ကျွန်တော်က သူ့မျက်နှာနားကို နှုတ်ခမ်းလေး အတင်းလိုက်ကပ်လိုက်တော့ သူက ကိုယ်ကို နောက်ယိုင်ပီး ကျွန်တော့်ကိုယ်ကို တွန်းထားသည်။ ပီးတော့ သူက

''အာ စတာ စတာ တော်ပီ''

''ဟင်း ဟင်း ''

''ပြန်မယ်မှောင်နေပီ''

သူက လွယ်အိတ်ကောက်ယူပီး ပြောလိုက်သည်။ အဲအချိန်မှာ သူ့လွယ်အိတ်ထဲမှ ဖုန်းမြည်လာသည်။

kit//
သူက ကျွန်တော့်ကို အရင်ဖြေခိုင်းလေ့ ရှိနေကြဆိုတော့ ကျွန်တော်က စလိုက်တာကို သူက မျက်နှာနားကို နှုတ်ခမ်းအတင်းလိုက်ကပ်ပီး ပြန်စနေသည်​ ကျွန်တော်က ရှောင်ပီး သူ့ကိုယ်လေးကို တွန်းလိုက်သည်။ ပီးတော့ မှောင်နေတာနဲ့ လွယ်အိတ်ယူကာ ပြန်မယ် ပြောနေတုံး ကျွန်တော့် လွယ်အိတ်မှ ဖုန်းမြည်လာသည်။ ထုတ်ကြည့်လိုက်တော့ par ဖုန်းဖြစ်နေသည်။ ကျွန်တော် ကိုင်လိုက်သည်။

''par''

''သား par က အိမ်ရောက်နေတာ ၁ နာရီပြည့်တော့မယ် သားက မရောက်သေးဘူးလား''

''အမ်း ဟုတ်တယ် par သား ဒီမှာ စီနီယာနဲ့ စကားပြောနေလို့''

''အော် ကျောင်းမှာပဲလား''

''ဟုတ်''

''ဒါဆို par လာခေါ်ရမလား''

''မခေါ်နဲ့ par သားတို့ ပြန်လာတော့မှာ သူနဲ့ လည်း လမ်းကြုံတယ်  အဲဒါအတူတူပြန်လာမှာ ''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now