ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၆၆

627 36 0
                                    

Smile reflection eye (P 66)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

sing//
ကျွန်တော်တို့ သူ့ကို ဝင်ပို့ပီး အိမ်သို့ ပြန်လာခဲ့သည်။ အိမ်ရောက်တော့ ထုံးစံအတိုင်း ရေချိုးသန့်စင်ပီး စားသောက်ကာ စာထိုင်လုပ်နေလိုက်သည်။ ဆရာမ ခိုင်းသော project ကို လုပ်ဖို့ လေ့လာစီစဉ်နေသည်။ အိပ်ချိန်ရောက်တော့ အိပ်လိုက်သည်။

မနက်ရောက်တော့ ကျောင်းသို့ထွက်လာခဲ့ကြသည်။ ကျောင်းရောက်တော့လည်း off တို့နဲ့ project အကြောင်းဆွေးနွေးနေရင်း  စာသင်ချိန်တွေ ရောက်ခဲ့ပြန်သည်။

kit//
မနက် ကျောင်းကို par လိုက်ပို့လို့ ကျောင်းသို့ထွက်လာခဲ့သည်။
ကျောင်းရောက်တော့ par က

''သား မင်း mom မှာတာ ပြောလိုက်ဦးနော် သူငယ်ချင်းတွေကို''

''ဟုတ် သူတို့ဘယ်အချိန်လာခိုင်းမလဲ par''

''အော်  ၁၀ နာရီလောက်ပေါ့ အေးအေးဆေးဆေးလာလို့ရအောင်''

''ဟုတ်ကဲ့ သွားပီနော် par ''

''အေး အေး''

par က ကားမောင်းထွက်သွားသည်။ ကျွန်တော်လည်း ကျောင်းဝင်းထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲရောက်တော့ fait နဲ့ new က ထိုင်နေသည်။ ဒါနဲ့ ကျွန်တော်က

''ဟ new ဒီနေ့ စောသားပဲ''

''အေး''

''အော် fait နဲ့ new mom က မှာလိုက်တယ် ဒီတနင်္ဂနွေ အိမ်လာခဲ့တဲ့''

new က
''ဘာလို့လဲ''

''par က ထုံးစံအတိုင်း သူပြန်လာရင် မင်းတို့ခေါ်တွေ့နေကြလေ ''

''အော် ဟုတ်သားပဲ ငါတို့လည်း par လာမှ အိမ်ရောက်တော့မယ်''

''မင်းတို့ကသာ မလာတာပါ fait နဲ့ oaujun က အပြန်ဝင်လေ့ရှိတယ် ကျောင်းပိတ်လည်း လာတယ် fait ကိုမေးကြည့်ပါလား''

''ဟုတ်လား fait''

fait က
''အင်း par ပြန်လာလို့ အားနာပီး မသွားတာ အေးအေးဆေးဆေးနားလို့ရအောင်''

''အော်''

ကျွန်တော်က
''mari နဲ့ jan လာရင်ပြောလိုက်ဦး ၁၀ နာရီလောက်လာပေါ့''

new က
''အေး အေး''

ခဏနေတော့ mari နဲ့ jan တို့လာ၍ ပြောလိုက်သည်။ သူတို့က ပျော်နေသည်။ ပီးတော့ ဆရာမ လာလို့ စာသင်လိုက်သည်။

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now