ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၂၃

909 57 2
                                    

(Zawgyi)
Smile reflection eye (p 23)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

sing//
ကျွန်တော်တို့ နောက်နေ့ မနက် ကျောင်းသွားဖို့ လုပ်တော့ oaujun က fait ကိုဖုန်းဆက်ခေါ်နေသည်။ ဒါနဲ့ ကျွန်တော်က

''သူ မလာချင်လို့နေမှာပေါ့''

''မဟုတ်ပါဘူး လာမှာတဲ့''

''အော်''

''သူငယ်ချင်းတွေနဲ့သွားတော့ စကားပြောလို့ရတာပေါ့ ကျွန်တော်က ကျောင်းမှာတစ်ယောက်တည်း web နဲ့ တွေ့လို့''

''အခု fait နဲ့တွေ့နေပီပဲ''

''p'က အရင်က သူနဲ့တွေ့တာကို မပြောဘူး''

''အင်း ငါလည်း စကားမဆက်မိလို့ပါ''

''သူတို့ အဖွဲ့က ခင်ဖို့ကောင်းတယ် ''

''ဟုတ်လား''

''အင်း အခုမှတွေ့တယ်ဆိုပီး ရှိန်တာတွေ ဘာတွေမရှိဘူး ခင်ခင်မင်မင် ခေါ်ပြောတယ်''

''အင်း''

''kit က ကိုရီးယားစကားလေ့လာနေတာတဲ့ ကျွန်တော်လည်း တက်ချင်တာနဲ့ အတော်ပဲ သူ့ဆီက ပြန်သင်ဦးမှ''

''ရူးဦးမယ် တစ်ယောက်တော့''

''ဘာလဲ''

''ဟိုမှာ fait လာပီ''

ကျွန်တော်တို့ စောင့်နေတုံး fait ရောက်လာသည်။ ကျွန်တော်တို့ လမ်းထိပ်ထွက်ကာ ကားငှားလိုက်သည်။ ကျွန်တော်ကတော့ ရှေ့မှာ ဝင်ထိုင်လိုက်သည်။ oaujun နဲ့ fait က အနောက်မှာထိုင်လိုက်သည်။ ပီးတော့ oaujun က

''kit ကို ဆက်လိုက်ဦးမယ် သွားပီလားလို့''

fait က
''သွားပီထင်တယ်''

သူက ဖုန်းကို ကောက်နှိပ်ပီး

''ဆက်ကြည့်ဦးမယ်''

ခဏနေတော့ ဟိုဘက် ဖုန်းဖြေတယ်နဲ့တူတယ် oaujun က

''kit ကျောင်းသွားပီလား''

''...''

''အေး ငါတို့ လာခေါ်မယ် အဲမှာစောင့်နေ''

''...''

''လာမယ် စောင့်ပါ ဒါပဲနော်''

''...''

oaujun ကဖုန်းချလိုက်သည်။ သူဘာများပြောပါလိမ့်လို့ နားစွင့်လိုက်သည်။ oaujun က

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now