Chapter - 6 ခုန်းဝမ် (ခုန်းဝမ်)

19.3K 2.7K 11
                                    

Zawgyi version

အော်သံကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်.. ယူရှောင်မို သေချာကြည့်လိုက်တော့ စူးစူးရှရှကျယ်ကျယ်လောင်လောင်အသံက သူတို့ကို ခေါ်လာတဲ့လူငယ်ဆီက ထွက်ပေါ်လာမှန်းသိလိုက်သည်.. ဒီလို ခံစားချက်မဲ့အမူအရာနဲ့လူဆီက ဒီလောက်ကျယ်လောင်တဲ့အသံ ထွက်လာမယ်လို့ သူမထင်ထားဘူး.. ထို့အပြင် တုံးတိတိလဲ ဖြစ်သေးသည်.. သို့သော် မကြာခင်မှာပဲ အဓိကကိစ္စရပ်ကို တွေ့လိုက်ရသည်..

သူ့အော်သံနောက်တွင် အပြင်မှ လူတစ်စု လမ်းလျှောက်ဝင်လာကြသည်.. ခေါင်းဆောင်များမှာ အသက်အရွယ်အကြီးပိုင်းများသာ.. အငယ်ဆုံးမှာတောင် သုံးဆယ်ပတ်ဝန်းကျင်အရွယ်.. ဒါက သူတို့ရဲ့ အပြင်ပိုင်းပုံစံတွေ.. တချို့တွေက တော်တော်ကို အသက်ကြီးနေကြပြီ.. စာအုပ်တွေဖတ်ပြီးနောက် ယူရှောင်မိုသိလာရတာက ဒီကမ္ဘာမှ စွမ်းအားရှိသောလူသားများသည် အသက်အရှည်ကြီးနေနိုင်ကြသည်.. သူအတွေးတွေကြားထဲ နစ်မြှုပ်နေတုန်း ထိုလူစုက သူတို့ရှေ့ကို ရောက်လာကြသည်..

လူရွေးချယ်ခြင်းစတင်ရာဝယ် အကြီးအကဲသုံးယောက်က ဘူဖေးရွေးသလို အကောင်းစားတွေရွေးယူသွားပြီး နောက်ဆုံး မကောင်းတာတွေသာ ကျန်ခဲ့သည်.. ကံမကောင်းစွာနဲ့ ယူရှောင်မိုလဲ ထိုမကောင်းတဲ့ဟင်းလျာထဲက တစ်ပွဲဖြစ်နေသည်..
သို့ပေမယ့် သူက ကံကောင်းသူဟုဆိုရပေမည်.. အဘယ်ကြောင့်ဆိုသော ကျန်ရစ်သူများထဲမှ အမြင့်ဆုံးအဆင့်မှာ အစိမ်းရောင်ရောင်ဝါရှိသူများဖြစ်သည်.. ပန်းရောင်နဲ့ အဝါရောင်ရောင်ဝါရှိသူများက ပိုဆိုးဝါးသည်.. သူတို့ ဘဝတစ်လျှောက်လုံး အဆင့်နိမ့်မှော်ဆရာများအဖြစ်သာ ရှင်သန်သွားကြရတော့မည်..

"မင်း, နောင်နှစ်ဝက်ကို ငါ့ဆီမှာနေ"

ယူရှောင်မို၏ခေါင်းထက်မှ အသံတစ်သံထွက်ပေါ်လာသည်.. ခေါင်းမော့ကြည့်လိုက်တော့ သတ်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်က မျက်ခုံးပင့်ရင်း သူ့ကိုကြည့်နေသည်.. သို့သော်ငြား သိပ်ပီးကျေနပ်နေသည့်ပုံစံတော့မဟုတ်.. ယူရှောင်မို ချက်ချင်းပင် ခေါင်းငုံ့ရိုကျိုးစွာဖြင့် ဟုတ်ကဲ့ဟု ဖြေလိုက်သည်.. ထိုလူက ပြန်မဖြေဘဲ မှော်ဆရာခန်းမထဲက မထွက်ခင် ကျန်ရစ်သူများထဲမှ နောက်ထပ်သာမန်တပည့်အနည်းငယ်ကို ရွေးလိုက်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now