14.4K 2.3K 126
Unicode Version
လင်းရှောင် သူ့ကိုမျှော်လင့်စောင့်စားနေသည့် ထန်ယွင်းချီကို အဖတ်မလုပ်ပဲ ယူရှောင်မိုဆီ တန်းတန်းမတ်မတ်လျှောက်လာလေသည်။
သူနှင့်အကိုကြီးကို စိုက်ကြည့်ရင်း ဘာမှမပြောပဲ တည့်တည့်လျှောက်လာနေတာကို မြင်လိုက်ရတော့ ယူရှောင်မို စိတ်မသက်မသာရယ်ရင်း မေးလိုက်သည်။
"အကိုကြီးလင်း ဘာလို့ဒီကိုရောက်လာတာလဲ?"
"ဘာဖြစ်လို့လဲ? မင်းနဲ့ မင်းအကိုကြီး ချစ်ကြည်နူးနေချိန်လေးကို ငါကအနှောင့်အယှက်ပေးမိသလိုဖြစ်သွားလို့လား?"
လင်းရှောင် သူ့မျက်ခုံးကိုပင့်ရင်း ပြန်မေးလိုက်သည်။
လင်းရှောင်အမူအရာကိုကြည့်ရင်း သူဒေါသထွက်နေပြီဆိုတာ ယူရှောင်မို သိလိုက်သည်။ သို့သော် ဘာကြောင့် ဒေါသထွက်မှန်း မသိသောကြောင့် သူရှင်းပြရုံသာတတ်နိုင်သည်။
"မဟုတ်ဘူး အထင်လွဲနေပြီ။ ကျွန်တော် ဒီကိုရောက်ဖူးတာ ပထမဆုံးမို့ အကိုကြီးက ပတ်ဝန်းကျင်နဲ့ရင်းနှီးအောင် လိုက်ပြနေတာပါ"
"ညီလေး"
လင်းရှောင်ပြုံးပြရင်း သူ့ဆီလျှောက်လာကာ သူ့ပုခုံးကို ဖက်လိုက်သည်။
ယူရှောင်မို လင်းရှောင်လက်မောင်းကြားမှာ တိတ်တိတ်လေး သူ့မျက်နှာကို ခိုးကြည့်ရင်း ကြက်သီးထလာသည်။ သူဘာဖြစ်နေတာလဲ?
လင်းရှောင်က သူ့ကိုပြန်ကြည့်ပြီး ပြောလိုက်သည်။
"နောက်တခါလမ်းလျှောက်ချင်ရင် ငါ့ကိုပြော။ မင်း ဘယ်ကိုပဲ သွားချင်ချင် ဒီအကိုကြီးကိုယ်တိုင်လိုက်ပို့ပေးမယ်။ နားလည်လား?"
ယူရှောင်မိုတစ်ယောက် ကြက်ကလေးအစာကောက်သလို ခေါင်းတဆတ်ဆတ်ညိမ့်ပြလိုက်သည်။ နောက်ဆုံးစကားက ခြိမ်းခြောက်သံအပြည့်နှင့်မို့ သူသာခေါင်းခါလိုက်ပါက ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်သွားပေလိမ့်မည်။
လင်းရှောင် ကျေနပ်သွားပြီး ခေါင်းညိမ့်ပြလိုက်သည်။ သူ့လက်ကိုတော့ ဖယ်ဖို့စိတ်ကူးမရှိချေ။
ထိုအချိန်တွင် အားလုံးက သူတို့၏ရင်းနှီးလွန်းလှသောအမူအရာတွေကြောင့် ရှော့ရနေကြသည်။ အရင်က အကိုလင်းရှောင်သည် ဘယ်သူနှင့်မှ ရင်းရင်းနှီးနှီးနေလေ့မရှိပေ။ အခုတော့ သူ့အဖွဲ့သားတောင်မဟုတ်သည့် မြေကမ္ဘာအဖွဲ့သားနှင့် အဘယ်သို့ဒီလောက်ရင်းနှီးနေပါသနည်း။
The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now