15.8K 2.4K 196
Unicode version
ကျက်သရေရှိသော အဖြူရောင်ဝတ်စုံနှင့် အရပ်ရှည်ရှည်မှာ လင်းရှောင်၏ပြီးပြည့်စုံသော ဝိသေသဖြစ်သည်..
တရက်နီးပါးလောက် ခရီးထွက်ခဲ့ပေမယ့် သဲတွေ ဖုန်တွေပေရေနေခြင်းမရှိပဲ ယူရှောင်မိုဆီ တည့်တည့်လျှောက်လာကာ စာအုပ်ကို စားပွဲပေါ် ပစ်တင်လိုက်သည်..
ယူရှောင်မို တချက်ခိုးကြည့်လိုက်တော့ စာအုပ်မှာ အသစ်မဟုတ်သော်လည်း သပ်သပ်ရပ်ရပ်ရှိသည်.. စာအုပ်အဖုံးမှာလည်း ကောင်းမွန်သန့်ရှင်းနေပြီး အစုတ်အပြဲအတွန့်အကြေတောင် မရှိချေ.. စာအုပ်ဖုံးပေါ်မှာ "ကောင်းကင်ဘုံစိတ်ဝိညာဉ်ကျမ်း"ဟူသော စာလုံးသုံးလုံးရေးထားသည်.. တချက်ကြည့်လိုက်တာနဲ့ စိတ်ဝိညာဉ်ဟု ရေးထားတည်းက စိတ်ဝိညာဉ်နှင့်သက်ဆိုင်မည်ဆိုတာ ပြောနိုင်သည်..
လင်းရှောင် ဘာမှပြောမလာသေးသော်လည်း ယူရှောင်မို မနေနိုင်တော့ပဲ စာအုပ်ကို ကောက်ကိုင်လိုက်သည်.. စာရွက်အချို့ကို လှန်ပြီးနောက် သူ့မျက်နှာကြီး မဲလာသည်.. အံ့ဩခြင်းများစွာဖြင့်....
သူ တစ်လုံးတောင် မဖတ်တတ်ဘူးလေ..
ယူရှောင်မို တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လင်းရှောင်ကို ကြည့်ကာ
"အကိုကြီးလင်း ဒါတကယ်ပဲ ဝိညာဉ်စွမ်းအားအဂ္ဂရိတ်ကျင့်စဉ်လား?"
ကြားလိုက်ရသောစကားတွေကြောင့် လင်းရှောင် သူ၏တင့်တယ်လှသော မျက်ခုံးကို ပင့်လိုက်ပြီး
"ဘာလဲ ? ငါက တွေ့ရာစာအုပ် ယူလာပြီး မင်းကို အရူးလုပ်မယ် ထင်နေတာလား?"
"မဟုတ်ပါဘူး မဟုတ်ပါဘူး" ယူရှောင်မို ခေါင်းကို မြန်မြန်ခါရမ်းလိုက်သည်..
"ကျွန်တော်ပြောချင်တာက ဒီထဲက စာလုံးတွေကို ကျွန်တော် လုံးဝမသိဘူး.. စာကြည့်တိုက်စာအုပ်တွေထဲက စာလုံးတွေနဲ့  မတူဘူး.. ဒီလိုပုံနဲ့ ကျွန်တော် ဘယ်လိုလေ့လာရမလဲ?"
"မင်းသာနားလည်မယ်ဆိုရင်လဲ တခြားအဆင့်မြင့်မှော်ဆရာတွေဆိုတာ ဘာမှမဟုတ်တော့ဘူး" လင်းရှောင် ငေါ့ပြောလိုက်သည်..
"ဆိုလိုတာက ဒီစာအုပ်က ရှေးစာလုံးတွေနဲ့ ရေးထားတာလား?"
ကျမ်းပေါ်က စာလုံးတွေအကြောင်း သူစဉ်းစားမိသည်..
သူတို့တွေက ယနေ့ခေတ်သုံးသည့် စာလုံးတွေနှင့် ကွာခြားလွန်းလှသည်.. လုံးဝကွဲပြားခြားနားသော စာလုံးများပင်..
ယနေ့ခေတ် တရုတ်စာမှာ ခေတ်အဆက်ဆက်ပြောင်းလဲလာသော ရလာဒ်များပင်..
The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now