Chapter - 45 မုတ်ဆိတ်လူ (မုတ္ဆိတ္လူ)

15.4K 2.4K 55
                                    

Unicode version

ဆေးလုံးရောင်းဝယ်ခြင်းမှာ အခက်အခဲမရှိ ပြီးဆုံးသွားသည့်အပြင် ဆေးငါးပုလင်းအတွက် ရရှိသည့်တန်ဖိုးပမာဏမှာ ပြီးခဲ့သည့်တစ်ခေါက်ထက်ပင် ပိုသေးသည်.. အဆိုပါဆေးလုံးများ၏ အကျိုးအာနိသင်မှာ ရ်ိုးရိုးအဆင့်တစ်ဆေးလုံးများထက်ပိုကောင်းပြီး ဖောက်သည်အချို့ဆိုလျှင် ဆေးစားပြီးနောက်တွင် စျေးပိုပေးဝယ်ရန်တောင် ဆန္ဒရှိကြသည်..လုံရှန်းပြည်တွင် အဆင့်တစ်ဆေးလုံးမရှားသော်ငြား မုန်တိုင်းထဲတွင် လှိုင်းလုံးတွေ တစ်လုံးပြီး နောက်တစ်လုံးတက်လာသကဲ့သို့ သိုင်းပညာရှင်များမှာလည်း အဆုံးမရှိများပြားလေရာ မှော်ဆေးလုံးမှာ အဓိကလိုအပ်ချက်တစ်ခုဖြစ်လာတော့သည်.. အာနိသင်ကောင်းလျှင် ကောင်းသလို အဖိုးအခပိုပေးရလေသည်..

ယူရှောင်မို၏ အရင်တစ်ခေါက်ကဆေးလုံးများကျေးဇူးကြောင့် ဆိုင်တာဝန်ခံမှာ ဆိုင်ကိုပြန်ပြင်နိုင်လေပြီး အခုဆို ဆိုင်အသစ်လို ဖြစ်သွားလေပြီ.. သို့သော် ယူရှောင်မို ဘယ်ချိန်ပြန်လာမည်မသိသောကြောင့် အော်ဒါများကို ကြိုလက်မခံရဲပေ.. ရောက်လာသည်နဲ့ ပထမဆုံးအသိပေးမည်ဟုသာ ကတိပေးရဲသည်.. အခု ဆေးလုံးတစ်ရာဆိုတော့ ဆိုင်တာဝန်ခံအတွက် လုံလောက်လေပြီ ဖြစ်သည်..

ဆေးလုံးတွေကို စျေးနှစ်ဆတင်ရောင်းနိုင်သောကြောင့် ယူရှောင်မိုကိုလည်း စျေးကောင်းပေးနိုင်သည်..ထိုမှသာ ဒီလူငယ်လေးကလည်း သူ့ဆီမှာပဲ ဆေးလုံးလာရောင်းမှာဖြစ်သည်..ဆိုင်တာဝန်ခံက ဒီလိုနည်းလမ်းနှင့် စျေးရောင်းတာဖြစ်သည်.. ဒီလိုနဲ့ ပိုက်ဆံများများရပြီး ဆိုင်လည်း နာမည်ကြီးလာလေသည်.. တခုတည်းသော ပြသနာက အနီးအနားဆိုင်တွေကလည်း ဆေးလုံးတွေဘယ်ကရလဲဆိုတာ စတင်စုံစမ်းလာခြင်းဖြစ်သည်..

ယူရှောင်မို ဆိုင်မန်နေဂျာဆီကရသည့် ရွှေစနှစ်ထောင်ပိုက်ပြီး ဆိုင်ထဲက အောင်မြင်စွာ ထွက်လာနိုင်လေသည်.. ဒီတကြိမ်တွင် ဆေးလုံးတန်ဖိုးမှာ အရင်ကထက် တစ်ဝက်ကျော်လောက် ပိုရသည်.. ဆေးတစ်လုံးကို ရွှေဆယ့်ငါးစထိရသည်.. အလုံးတစ်ရာအတွက် ရွှေစ တစ်ထောင့်ငါးရာရလေသည်..အရင်တစ်ခေါက်တုန်းက ကျန်သည့်ရွှေစဆယ်စကျော်နှင့်ပေါင်းလျှင် သူ့ချမ်းသာကြွယ်ဝမှုက ထျန်းရှင်းဂိုဏ်းသားအားလုံးထက် သာလေသည်.. နောက်ခံကောင်းသည့်ဂိုဏ်းသားများတောင် သူ့လောက်ချမ်းသာမည်မထင်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now