Chapter - 61 ငါနဲ့ အိပ်ရမယ် ( ငါနဲ႔ အိပ္ရမယ္)

18.1K 2.4K 56
                                    

Unicode Version

ဗဟိုစခန်းယှဉ်ပြိုင်ပွဲ၏ အကျယ်အဝန်းမှာ ကွင်းပြင်ကျယ်ကြီး တဖက်မှ ဘယ်ဘက်ဂိတ်ဆုံးအထိ ကျယ်ပြန့်လှသည်။ ဗဟိုစခန်းမှဂိုဏ်းသားများ လေ့ကျင့်လေ့ရှိသော ထိုကွင်းပြင်ကျယ်ကြီးတခုလုံးကို ပြိင်ပွဲနေရာအတွက် သတ်မှတ်လိုက်ခြင်းမှာ ဗဟိုစခန်းမှဂိုဏ်းသားများသည် တခြားစခန်းမှဂိုဏ်းသားများလောက် အရေအတွက်မများစေကာမူ အရည်အချင်းစွမ်းရည်မှာတော့ ထိပ်တန်းပင်။ ထို့ကြောင့် ပြိုင်ပွဲကို တယောက်ချင်းယှဉ်ပြိုင်ဖို့ သတ်မှတ်ထားလေသည်။

ပြိင်ပွဲချိန်မရောက်သေးသော်လည်း လူအများအပြားစုဝေးနေကြသည်။ အရင်နှစ်တွေတုန်းကဆို အားလုံးက ပြိင်ပွဲနှင့်ပတ်သက်သည့်ကိစ္စများကိုသာ ဆွေးနွေးလေ့ရှိကြသည်။ ဥပမာ ဘယ်သူကတော့ အတော်ဆုံးဖြစ်နိုင်သည် ဘယ်သူကတော့ ထိပ်ဆုံးမှာ ရနိုင်သည် စသဖြင့် ဆွေးနွေးလေ့ရှိကြသည်။ ဒီနှစ်တော့ အနည်းငယ်ထူးခြားလေသည်။ အားလုံးက ယူရှောင်မိုအကြောင်းကိုသာ ပေါက်ပေါက်ဖောက်နေကြသည်။ အထူးသဖြင့် မနာလိုမှုများကြောင့် သေပင်သေသွားနိုင်လောက်သည့် မိန်းမပျိုလေးတစ်ယောက်လည်း အပါအဝင်ဖြစ်သည်။

"ဘာပြောတယ် ? ယူရှောင်မိုက အကိုလင်းနဲ့ တခန်းတည်းအတူတူနေတယ် ဟုတ်လား?"

ထန်ယွင်းချီ၏နှလုံးသည် မနာလိုဝန်တိုမှုများကြောင့် အပြင်ကို ထွက်ကျမတတ်ပင်။ ထိုသတင်းကြားလိုက်ရစဉ် သူမအသက်ပင်ပေးရစေကာမူ ချက်ချင်းပြေးသွားပီး လင်းရှောင်အခန်းထဲက ယူရှောင်မိုကို ဆွဲထုတ်ပစ်လိုက်ချင်သည်။ အကိုလင်းအခန်းထဲမှာ သူမတောင် တစ်နာရီပြည့်အောင်မနေဖူးတာ ယူရှောင်မိုကတော့ ညပင်အိပ်တော့မည်။

ထန်ယွင်းချီ၏နောက်လိုက်အပေါင်းအပါများမှာလည်း ပထမကြားစက မယုံကြည်ချင်သော်လည်း အခုတော့ သူမကိုသာ ကြည့်နေမိသည်။

သူမနောက်လိုက်များထဲမှ ငယ်ရွယ်သည့်မိန်းမပျိုလေးတစ်ဦးက ခေါင်းညိမ့်ရင်း သေချာသည့်ပုံနှင့် ပြောလေသည်။
"ဆရာတူအမ အဲဒါတကယ်ပဲ။ မနေ့က စာရင်းမှာတွေ့ခဲ့တယ်။ ယူရှောင်မိုနာမည်က အကိုကြီးနာမည်အောက်နားမှာ"

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now