14.2K 2.4K 94
Unicode Version
ယူရှောင်မို သူ့အခန်းတံခါးကိုဆွဲဖွင့်လိုက်ချိန် မျက်စိထောင့်မှာ မြင်လိုက်ရသောလူကြောင့် ဆတ်ခနဲတုန်သွားသည်။ သူမနက်ဖန်မနက်မှလာခဲ့မယ်လို့ ပြောခဲ့တာမလား။ အခုမှ ညဘက်ပဲရှိသေးတယ်လေ။ ပြီးတော့ သူတို့လမ်းခွဲခဲ့တာဖြင့် ခြောက်နာရီလောက်ပဲရှိဦးမည်။
လင်းရှောင်ကတော့ ယူရှောင်မိုဘာတွေးတွေး ဂရုမစိုက်ပဲ ခပ်တည်တည်နှင့် အခန်းတံခါးတွန်းဖွင့်ဝင်သွားသည်။ သူ့အမူအရာက အပြင်လူတွေဆို သူ့အခန်းလို့တောင် ထင်သွားစေနိုင်သည်။ ထိုင်ခုံမှာနေရာယူပြီးနောက် နွေးထွေးပေမယ့်စူးရှသည့်မျက်လုံးတစ်စုံက ယူရှောင်မိုကို တည့်တည့်စိုက်ကြည့်လိုက်သည်။ ဒါက အပေါ်ကသကြားရည်ဆမ်းထားသည့်ကျည်ဆံတောင့်လိုမျိုး ခံစားရစေသည်။
သူ့အကြည့်များကြောင့် ယူရှောင်မို ဦးရေပြားတွေ ထုံလာသလိုတောင် ခံစားလာရသည်။ တံခါးမြန်မြန်ပိတ်လိုက်ပြီး အနားလျှောက်သွားလိုက်သည်။ သူ့မျက်နှာကို ခိုးကြည့်ရင်း ပြီးခဲ့သည့်ရက်တွေက သူဘာလုပ်ခဲ့မိပါလိမ့်ဟု အသည်းအသန်တွေးနေမိသည်။ သူဘာမှလုပ်မိခဲ့တာမရှိသောကြောင့် ရိုးရိုးပဲမေးလိုက်လေသည်။
"အကိုကြီးလင်း မနက်ဖြန်မနက်မှတွေ့မယ်ဆို။ ဘာလို့ အခုရောက်လာတာလဲ?"
"မင်းအသံကိုနားထောင်ရတာ ငါ့ကိုတွေ့တာ မပျော်သလိုပဲ?"
လင်းရှောင်မျက်ခုံးအနည်းငယ်ပင့်ပြီး ပြောလိုက်သည်။
ယူရှောင်မို အလန့်တကြားဖြင့်
"မဟုတ်ပါဘူး အကိုကြီးအချိန်မရွေးလာလို့ရပါတယ်"
သူဘယ်လိုလုပ် လင်းရှောင်ကို ဆန့်ကျင်ရဲပါ့မလဲ။ အသက်ရှင်ရတာ မငြီးငွေ့သေးဘူးလေ။ လင်းရှောင်၏အာဏာရှင်ဆန်ဆန်ပေးတတ်သည့်အမိန့်တွေကိုလည်း သူကျင့်သားရနေပြီဖြစ်သည်။
သူ့ကို ပြန်ရန်ထောင်လေမလားထင်ပြီး လင်းရှောင် စိုက်ကြည့်နေမိသည်။ သို့သော် ယူရှောင်မို၏အရှုံးပေးနှလုံးအေးစကားကြောင့် အကြည့်တွေကိုရုတ်သိမ်းလိုက်လေ၏။
The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now