Chapter - 16 မှန်ကန်တိကျစွာ ထိန်းချုပ်ခြင်း (မှန်ကန်တိကျစွာ ထိန်းချုပ်ခြင်း)

16K 2.6K 36
                                    

Zawgyi version

ယူရှောင်မို စိတ်မသက်မသာ ခံစားနေရသည်.. သူဆက်နားထောင်နေရမလား ချီတုံချတုံဖြစ်နေစဉ် သူတို့နှစ်ယောက်ရဲ့အသံက ဖျော့ပြီး ဝေးသွားသည်.. သူ အကိုကြီး၏ပြန်ဖြေသံကို မကြားလိုက်ရပေ သို့မဟုတ် ပြန်မဖြေတာလည်း ဖြစ်နိုင်သည်.. ဘာပဲဖြစ်ဖြစ် သူမကြားလိုက်ရတာတော့ သေချာသည်.. အကိုကြီးအသံကို မကြားလိုက်ရသော်လည်း စာကြည့်တိုက်ထဲက မမျှော်လင့်သောဆုံတွေ့မှုကို သတိရလိုက်သည်.. ဂျူနီယာညီမလေးဆိုတာ အဲ့ကောင်မလေးကို ပြောတာများလား? ယူရှောင်မို ဆက်မနေရဲတော့ပဲ ထိုကိစ္စတွေကို မြန်မြန်မေ့ပစ်လိုက်သည်..

စာကြည့်တိုက်ကို မြန်မြန်သွားပြီး လေးအုပ်ပြန်အပ်ကာ နှစ်အုပ်ထပ်ငှားလိုက်သည်.. တစ်အုပ်က လုံရှန်းပြည်တွင် တွေ့ရသော အဆင့်ခြောက်ထိဆေးပင်များအကြောင်း ပါဝင်သောစာအုပ် ဖြစ်သည်.. အရောင်ခြယ်ထားတဲ့ဆေးပင်ပုံများလည်း ပါဝင်သည်.. အတွေ့များသည့် ဆေးပင်များအကြောင်းလဲ ပါဝင်သည်.. နောက်တစ်အုပ်ကတော့ အခြေခံ စိတ်စွမ်းအင်အကြောင်းဖြစ်သည်.. မနက်ဖြန်မှစ၍ သူဆေးလုံးဖော်စပ်ရတော့မည်.. တစ်စုံတစ်ရာ အမှားအယွင်းမရှိအောင် ကြိုတင်စာဖတ်ထားမှ အဆင်ပြေနိုင်မည်..

စာအုပ်ငှားပြီးနောက် ယူရှောင်မို တက်တက်ကြွကြွနှင့် ထွက်ခွာသွားရာ စာကြည့်တိုက်မှူးအဘိုးကြီး၏ စေ့စေ့စပ်စပ်ကြည့်ရှုမှုကို သတိမပြုမိချေ.. သူ စာကြည့်တိုက်မှူးလုပ်လာတာ နှစ်တရာနီးပါးရှိနေပြီ နေ့တိုင်းလိုလို စာကြည့်တိုက်ကို လာတက်သည့် ယာယီဂိုဏ်းသားမျိုးကို သူမမြင်ဖူးပေ.. မွေးရာပါ ပါရမီမပါပေမယ့် ကြိုးစားသောလူငယ်လေးတစ်ဦးဟု သတ်မှတ်လိုက်သည်..မှတ်ချက်ပြုပြီးသည်နှင့် အဘိုးကြီးမျက်လုံးများ ပြန်မှိတ်သွားသည်..

စာအုပ်တွေယူပြီး မနက်စာစားရန် ယူရှောင်မို စားသောက်ဆောင်ကို ထွက်လာခဲ့သည်..စာကြည့်တိုက်မှာ အချိန်ကြာသွားတော့ သူရောက်ရှိချိန်မှာ လူပင်လယ်ကြီးဖြစ်နေလေပြီ..အစားအသောက်တွေလဲ ကုန်ခါနီးနေပြီ.. သူအစားကြီးသူတစ်ယောက်မဟုတ်တာ ကံကောင်းသည်.. မနက်စာစားပြီးတော့ တခြားဂိုဏ်းသားတွေနှင့်အတူ ဆေးပင်ခန်းမကို ထွက်ခဲ့လိုက်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now