Chapter - 31 ဝိညာဉ်စွမ်းအားအဂ္ဂရိတ်ကျင့်စဉ် (ဝိညာဥ္စြမ္းအားအဂၢရိတ္က်င့္စဥ္)

17.1K 2.6K 177
                                    

Unicode version

အစကတော့ လင်းရှောင်ဆေးလုံးစားလိုက်သောကြောင့် စိတ်ဆိုးမိသော်လည်း ခဏသာဖြစ်သည်.. ဆေးလုံးကို သူစမ်းသပ်ပြီးပြီဆိုတော့ နောက်တစ်လုံးကို အချိန်မရွေးထပ်ဖော်နိုင်သည်... တခြားဆေးလုံးတွေနှင့် ကွာခြားချက်ကို မမြင်လိုက်ရတာကိုပဲ နှမြောမိသည်..

ဒီနေ့ တနေ့ခင်းလုံး ယူရှောင်မို သူရလာသည့်ဆေးပင်သုံးရာကို တစ်မိနစ်တောင်မဆိုင်းပဲ ဆေးဖော်နေခဲ့တာဖြစ်သည်.. သူ့ဆေးဖော်နှုန်းကလည်း အရင်ကထက် ပိုမြန်လာသည်..ဒီလိုအောင်မြင်မှုများမှာ အရင်အတွေ့အကြုံများကြောင့် ဖြစ်သည်.. ပိုအရေးကြီးသောအချက်မှာ သူတို့ထဲကအလုံးငါးဆယ်လောက်ကို တကြိမ်သာ သန့်စင်တော့သည်..

အရင်က ဆေးတစ်လုံးဖော်ရန် လက်ဖက်ရည်တစ်ခွက်ဖျော်ချိန်လောက် ကြာသည်..အခု အဆင့်နှစ်ဆေးတစ်လုံးကို အဲဒီအချိန်တွင်း ဖော်နိုင်ပြီဖြစ်သည်.. ဆေးလုံးငါးဆယ်ကို နှစ်နာရီတွင်း ဖော်နိုင်သည်.. တကယ်တော့ အခုလိုမြန်မြန်ဆန်ဆန်ဖော်နေရခြင်းမှာ ကျန်သောအချိန်တွေမှာ လင်းရှောင်စားသွားသည့်ဆေးလုံးကို စမ်းသပ်ဖော်စပ်ချင်သောကြောင့် ဖြစ်သည်..

ထိုဆေးလုံးမှာ သူ ပထမဆုံးအကြိမ် ငါးကြိမ်ထိသန့်စင်ထားသောဆေးလုံး ဖြစ်သည်.. ခါတိုင်းဆို အများဆုံးလေးကြိမ်ထက် မပိုပေ.. သို့သော် ငါးကြိမ်သန့်စင်ရာတွင် သူ့ဝိညာဥ်စွမ်းအားအကုန် အသုံးပြုလိုက်ရပြီး သူ့စိတ်ဆန္ဒပြင်းပြမှုကြောင့်သာ အောင်မြင်ခဲ့ခြင်းဖြစ်သည်..
ဆိုးသည်က ဘေးထွက်ဆိုးကျိုး မည်မျှထိလျှော့ချနိုင်လဲ မသိရသေးခင်မှာပဲ လင်းရှောင်စားပစ်လိုက်ခြင်း ဖြစ်သည်.. ဒါအဆင့်တစ်ဆေးလုံးပါပဲဟု ကိုယ့်ကိုကိုယ်ဖြေသိမ့်နေရသည်.. နောက်တစ်လုံးကို သူအားရင် ထပ်ဖော်စပ်နိုင်အုံးမှာပါလေ..

"ညီလေးရေ"

သူအတွေးထဲနစ်မြှုပ်နေတုန်း လင်းရှောင်ခေါ်သံ ကြားလိုက်ရသည်.. ယူရှောင်မို တုံ့ပြန်မှုက နည်းနည်းတော့ နှေးသည်.. လင်းရှောင်ခေါ်လိုက်တော့မှ အသိပြန်ဝင်လာသည်..ခေါင်းမော့ပြီး သူ့ကို သံသယအကြည့်တွေနှင့်ကြည့်လိုက်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now