Chapter - 36 လက်ရေးစာမူရင်း (လက္ေရးစာမူရင္း)

15.2K 2.4K 124
                                    

Unicode version

တကယ်တော့ မနက်ဖြန်မှ စာကြည့်တိုက်သွားဖို့ ယူရှောင်မို တွေးထားတာဖြစ်သည်..သို့သော် ဒီနေ့အဖြစ်အပျက်ကြောင့် မှောင်နေပြီဖြစ်သော်လည်း စာကြည့်တိုက်သွားဖို့ဆုံးဖြတ်ခဲ့သည်..မှောင်လာလျှင် ထုံးစံအတိုင်း ကင်းလှည့်သည့်ဂိုဏ်းသားများမှလွဲ၍ ကျန်ဂိုဏ်းသားများမှာအပြင်ထွက်ခဲသည်..ထို့ကြောင့် စာကြည့်တိုက်သွားရာ လမ်းတစ်လျှောက်တွင် ယူရှောင်မို ဘယ်သူနှင့်မှ မဆုံခဲ့ပေ..

နှမြောစရာကောင်းတာက ယူရှောင်မိုရှာနေသည့်အချက်အလက်များ မတွေ့ရခြင်းဖြစ်သည်.. နှစ်ပေါင်းထောင်သောင်းများစွာကဆိုတော့ အလွန်ကြာခဲ့ပြီ..
စာအုပ်ထဲမှာ မှတ်သားထားဖို့တောင် လူတွေမေ့သွားကြပြီ ဖြစ်သည်..နောက်ဆုံးတော့ ဆေးပင်ပုံများပါဝင်သည့် စာအုပ်အချို့သာ ငှါးပြီး ပြန်လာခဲ့ရသည်..

ညဘက်တွင် ယူရှောင်မို ကောင်းကင်ဘုံစိတ်ဝိညာဉ်ကျမ်းကို လှန်ကြည့်သေးသည်..သူဘာမှနားမလည်တာ အတော်ဆိုးသည်..ရှေးနှစ်ပေါင်းထောင်သောင်းခန့်က ဘယ်လိုစာလုံးတွေမှန်းတောင် ဘယ်သူမှမသိတော့ပေ..အနည်းငယ်မျှတောင် ဆင်တူသည့်စာလုံးမရှိတော့ပေ..ထို့ကြောင့် စာအုပ်ကို နယ်မြေထဲတွင်သာ ပြန်ထားလိုက်ရတော့သည်..

ဒီတစ်ခါတော့ သူဆေးမဖော်တော့ပဲ ကောင်းကောင်းအိပ်လိုက်တော့သည်..နေရောင်ခြည်က ပြတင်းပေါက်မှတဆင့် ဝင်ရောက်လာသောအခါမှသာ သူအိပ်မှုန်စုံမွှားဖြင့် နိုးလာသည်.. သူမျက်စိရှေ့တွင် ပေါ်လာသောမျက်နှာကြီးကြောင့် အလန့်တကြားထခုန်မိမည်ဟု မည်သူထင်ထားပါမည်နည်း?

'ဒုန်းး' ဟူသော အသံနှင့်အတူ ယူရှောင်မို၏နဖူးမှာ တဖက်လူ၏မျက်နှာနှင့် သွားဆောင့်မိတော့သည်..

ဒီလူလင်းရှောင်မျက်နှာက သံမဏိနဲ့ လုပ်ထားတာများလား? ပြင်းထန်သောဆောင့်ချက်နှင့်အတူ ယူရှောင်မိုနဖူးမှာ ဘုကြီးပေါ်လာသည်.. အခုမှ မီးဖိုထဲကထွက်လာခါစ ပူနွေးမွှေးကြိုင်နီရဲနေသည့် ပေါင်မုန့်လို ဘုမျိုး ..

"အားး အားး"  သူ့ခေါင်းထိသွားတော့ တအိအိနှင့် ငိုတော့မည့်ဟန် ဖြစ်လာသည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now