Chapter -20 စွမ်းအားမြှင့်ဆေးလုံး (စွမ်းအားမြှင့်ဆေးလုံး)

16.1K 2.5K 24
                                    

Zawgyi version

ယူရှောင်မို သူဖော်ထားတဲ့ဆေးလုံးများထဲမှ လေးဆယ်ကို ပေးလိုက်သည်.. ဦးလေးကျောက် မှတ်တမ်းရေးသွင်းလိုက်သည်.. အဆင့်တစ်ဆေးလုံး အလုံးကိုးဆယ်.. အံ့သြစရာကောင်းစွာ အားလုံး အောင်မြင်မှုနှုန်း ၁၀၀%.. ထပ်ပြီး စံချိန်ချိုးပြန်ပြီ.. သို့ပေမယ့် ဦးလေးကျောက် သိပ်မအံ့သြတော့.. တစ်ရာရာခိုင်နှုန်းအောင်မြင်သော အဆင့်တစ်ဆေးလုံးဆိုတာ ဒီဂိုဏ်းသားလေးအတွက်တော့ ဘာမှမဟုတ်ဆိုတာ သူသိနေသည်.. အပြန်အလှန်အနေနဲ့ ဦးလေးကျောက်က သူ့ကို ဆေးလုံးတွေထည့်ဖို့ မှော်အိတ်ထုတ်ပေးလိုက်သည်.. မှော်အိတ်က 5sqm လောက် ကျယ်သည်.. ထျန်းရှင်းဂိုဏ်းမှာ ဒီလိုမှော်အိတ်ငယ်လေးတွေ အများကြီးရှိသည်..ဂိုဏ်းသားတိုင်း တစ်ခုစီရကြသည်.. အရင်နေ့တွေက ဖန်ချန်လဲ့အလုပ်ရှုပ်နေသောကြောင့် သူတို့ကို မပေးဖြစ်ခြင်းဖြစ်သည်..

ဝင်ဆံ့သည့်ပမာဏကျဉ်းသော်လည်း မရှိတာထက်တော့ ပိုကောင်းသေးသည်.. သို့သော် တခြားဂိုဏ်းသားများလို ယူရှောင်မို ဝမ်းသာအားရနှင့် အိတ်ကိုမယူမိပေ.. ဒီအိတ်အကြောင်း သူအစတည်းက သိထားကြောင့်ဖြစ်သည်.. ဦးလေးကျောက်ကတော့ သူ့ကို တော်ရုံစိတ်မလှုပ်ရှားတတ်သူလို့ ထင်သွားတော့သည်..

ယူရှောင်မို ဦးလေးကျောက်ကို မှော်ဆေးပင်တစ်ရာလောက် ထုတ်ယူရန် မေးကြည့်သည်.. ဦးလေးကျောက်က အံ့သြဟန်မပြပဲ မြန်မြန်ရွေးပြီး ရေတွက်ကာ သူ့လက်ထဲကို ထည့်လိုက်သည်.. မှော်ဆေးအိုးကို အခန်းထဲထိယူသွားတတ်တာ သူတစ်ယောက်တည်းတော့မဟုတ်ပေ.. ကြိုးစားပြီး တော်သောဂိုဏ်းသားတိုင်း ဒီနည်းကို ကျင့်သုံးကြသည်.. ထို့နောက် ယူရှောင်မို တောင်အောက်ဆင်းရန် အလွယ်တကူပင် အကိုဝူဆီက ခွင့်ပြုချက်ရခဲ့သည်..

ကျောက်တုံးခန်းမဆီက ဆေးအိုးယူပြီးပြန်လာတော့ ညအတော်နက်ကာ တိတ်ဆိတ်နေလေပြီ.. ဆေးပင်တစ်ရာကို အိတ်ထဲက ထုတ်ယူပြီး စားပွဲပေါ်မှာ တင်ထားလိုက်သည်.. ဆေးအိုးကို အခန်းသို့ယူဆောင်လာခြင်းမှာ ညဘက် သူဆေးဖော်ချင်သောကြောင့် ဖြစ်သည်.. ညဘက်ဆေးဖော်ခြင်းက နေ့ခင်းဘက်ဆေးဖော်ခြင်းနှင့် ကွာခြားသည်.. ဒီအချိန်မှာ ဘေးထွက်ဆိုးကျိုးများကို ပိုလျော့ချရန် သူကြိုးစားနိုင်လေသည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now