Chapter - 7 အပြာရောင် မွေးရာပါအမှတ်အသားလေး (အပြာရောင်မွေးရာပါအမှတ်အသား)

18.6K 2.7K 20
                                    

Zawgyi version

မြေကမ္ဘာအဖွဲ့မှာ အခန်းများစွာရှိပြီး ယူရှောင်မိုအရင်နေခဲ့တဲ့အခန်းထက်လည်း ပိုကျယ်ဝန်းသည်.. အပိုဆောင်းထည့်ပေးထားသည့် ခန်းဆီးအကာနှင့် ၎င်းနောက်က သစ်သားစည်ပိုင်းကြီးမှလွဲ၍ ကျန်သည့်ပရိဘောဂအပြင်အဆင်က အရင်အခန်းလို ရိုးရိုးရှင်းရှင်းပင်.. ခန်းဆီးအကာက ဝင်ပေါက်တံခါးဘက်မျက်နှာမူထားပြီး အခန်းအတွင်းဘက်ကို အပြင်လူတွေမမြင်ရအောင် ကာပေးထားသည်..ယူရှောင်မို တနေ့တည်းနဲ့ သူ့ပစ္စည်းအားလုံးပြောင်းရွေ့ပြီးသွားသည်..
သူ့တွင်အဝတ်နှစ်စုံ နဲ့ စာအုပ်လေးအုပ်သာ ပြောင်းရွေ့စရာရှိသည်.. သူစာအုပ်တွေကိုတော့ စာကြည့်တိုက်ကို ချက်ချင်းပြန်မပေးချင်သေး..
မနေ့ညက အရေးပေါ်အခြေအနေကြောင့် စာအုပ်တွေကို ဖတ်သာ ဖတ်လိုက်ရသည်.. နားမလည်.. တချို့အရာတွေကို သူ့ဦးနှောက်က မှတ်သားဖို့ ခဲယဉ်းသေးသည်..ထို့အပြင် စာကြည့်တိုက်မှစာအုပ်များကို လတစ်ဝက်ထိ ငှားဖတ်ခွင့်ပေးသောကြောင့် သူထပ်ဖတ်ချင်သေးသည်..

ယူရှောင်မို အခန်းသန့်ရှင်းရေးမလုပ်ခင် သူ့အဝတ်တွေနဲ့ စာအုပ်တွေကို ဘီဒိုထဲသို့ သိမ်းဆည်းထားလိုက်သည်.. ဒီအခန်းကို အရင် လူမနေခဲ့ဖူးတာကြောင့် သန့်ရှင်းရေးလုပ်မည့်သူလဲ မရှိပေ.. ကြမ်းခင်း စားပွဲ ကုလားထိုင်နှင့် ကုတင်ပေါ်တွင် ဖုန်တွေအထပ်လိုက်တင်နေသည်.. ယူရှောင်မို လက်နဲ့ ထိကြည့်လိုက်တော့ ဖုန်ထုက တော်တော်ထူသည်.. အခန်းထဲမှာ သစ်သားဘေစင်တစ်ခုလဲ ထားထားပေးသည်.. ယူရှောင်မို အပြင်ကရေကို အခန်းထဲထိ ခပ်သယ်ပြီး တစ်နာရီလောက် အခန်းသန့်ရှင်းရေးလုပ်လိုက်ရသည်.. အားလုံးပြီးသွားတော့ နေလဲဝင်သွားပြီ..

သိပ်မကြာခင် အကိုလီက ညစာစားဖို့ သူအပါအဝင် လူသစ်လေးတွေကို လာခေါ်သည်..မြေကမ္ဘာအဖွဲ့မှာ စားသောက်ဆောင်သက်သက်ရှိပြီး တစ်နေ့ကို သုံးနပ်ကျွေးမွေးသည်.. ဂိုဏ်းသားတွေအများကြီး ညစာစားဖို့ စားသောက်ဆောင်ကို ဦးတည်သွားနေကြသည်.. တချို့က ကျင့်ကြံနေချိန်အတွင်း ညစာလာမစားဘဲ နေလဲ ရသည်.. ဟင်းပွဲတွေကတော့ အခုခေတ်အတိုင်း စားဖိုမှူးကချက်ပြုတ်ပြီး အိုးကြီးတွေနှင့် ထည့်ထားပေးသည်.. ဂိုဏ်းသားတွေက ကိုယ်ကြိုက်သလောက် ထည့်စားနိုင်သည်.. စည်းကမ်းချက်ကတော့ ကိုယ်စားနိုင်သလောက်သာထည့်စားခြင်းဖြင့် အစားအစာတွေ အလဟသဖြုန်းတီးခြင်းမှ ရှောင်ကြဉ်ရမည်.. အစားအစာတွေ ဖြုန်းတီးတာမြင်လျှင်တော့ အပြစ်ပေးခံရမည် ဖြစ်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now