Chapter - 52 အကြံကောင်း (အႀကံေကာင္း)

15.4K 2.3K 47
                                    

Unicode Version

မိစ္ဆာပေါ်လာခြင်း နှင့် ပြန်ပျောက်သွားခြင်းတို့ကြောင့် လုံရှန်းပြည်တွင် အုတ်အော်သောင်းနင်းဖြစ်နေကြတော့သည်..ယူရှောင်မိုကတော့ ထိုကိစ္စတွေပြီးကတည်းက မြေကမ္ဘာအဖွဲ့တွင်သာ အခန်းအောင်းနေသောကြောင့် အပြင်ဘက်တွေ ဘာတွေဖြစ်နေမှန်း သူမသိပေ.. တချို့ဂိုဏ်းသားတွေ ပြောဆိုဆွေးနွေးနေကြတာတော့ သူကြားလိုက်ရသည်..

သူတို့ပြောနေကြတာကတော့ ထျန်းရှင်းဂိုဏ်းမှာ တခြားဂိုဏ်းတွေနှင့် ပေါင်းပြီး ချင်းချုံးဂိုဏ်းကို မိစ္ဆာကိစ္စဖြေရှင်းပေးရန် ဖိအားပေးလျက်ရှိသည်..လော့ရှန်းက ချင်းချုံးဂိုဏ်းချုပ်၏တူတော်စပ်သူပဲလေ.. ထို့အပြင် လော့ရှန်း မိစ္ဆာအသွင်ပြောင်းသွားခြင်းမှာ လူအများရှေ့တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်.. မိစ္ဆာအဖြစ်ပြောင်းသွား​သော်လည်း သူ့မူလရုပ်သွင်မှာ သိပ်မပြောင်းပဲ ရှိနေခဲ့သောကြောင့် အယောင်ဆောင်ထားတာဟူသော ကောလဟာလတွေလည်း ထွက်လာသည်..

ချင်းချုံးဂိုဏ်းချုပ် လော့ချန်းယွမ်အဆိုအရတော့ လော့ရှန်းဟာ ဘယ်လိုမှမိစ္ဆာ မဖြစ်နိုင်ဟုဆိုသည်..သို့သော် စုံစမ်းစစ်ဆေးမှုများအပြီးမှာတော့ ထိတ်လန့်ဆိုးရွားဖွယ်လျို့ဝှက်ချက်ကြီး ပေါ်ပေါက်လာတော့သည်..

လော့ချန်းယွမ်၏ညီငယ်, လော့ချန်းယွင်မှာ လော့ရှန်းအဖေဖြစ်သည်.. သူငယ်ငယ်တုန်းက ချင်းချုံးဂိုဏ်းက မကြာခဏအပြင်ထွက်ပြီး အတွေ့အကြုံသွားရှာလေ့ရှိသည်.. လော့ချန်းယွင်မှာ ချောမောနှစ်လိုဖွယ်ကောင်းသော မင်းသားလေးတပါးဖြစ်သည်.. သူ့ကို သဘောကျနှစ်သက်သူတွေ ချင်းချုံးဂိုဏ်းအပြင်မှာ ပတ်ပတ်လည်ရှိသည်.. လော့ချန်းယွင်ကတော့ ဒါတွေသိပ်ဂရုမစိုက်ပေ..

ချင်းချုံးဂိုဏ်းကခွါပြီး ခြောက်လလောက်အကြာတွင် လော့ရှန်းအမေနှင့်ဆုံတွေ့ခဲ့သည်.. လော့ရှန်းအမေမှာ မိစ္ဆာသွေးနှောဖြစ်သည်.. ပြောရလျှင် မိစ္ဆာသွေးနှောဆိုသည်မှာ မိစ္ဆာနှင့်လူသားတို့မှ မွေးဖွားလာသူများဖြစ်သည်..

သူတို့မှာ လူသွေးတဝက်ပါဝင်သောကြောင့် ထိုသူများကို မိစ္ဆာသွေးနှောဟုခေါ်သည်.. မိစ္ဆာသွေးနှောနှင့် မိစ္ဆာစစ်စစ်တို့၏ အကြီးမားဆုံးကွာခြားချက်မှာ မိစ္ဆာသွေးနှောသူများသည် လူပုံပန်းသဏ္ဍာန်သာဖြစ်ကြသည်.. မိစ္ဆာတို့၏ပုံပန်းသဏ္ဍာန် လုံးဝမရှိပေ..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now