15.3K 2.4K 132
Unicode version
အားလုံးက အသံထွက်ပေါ်ရာဆီကို ကြည့်လိုက်ရာဝယ် ချောမောခန့်ညားသောလူတစ်ယောက် လူအုပ်ထဲက ထွက်လာတာတွေ့လိုက်သည်.. ထိုလူမျက်နှာမှာ တည်ငြိမ်အေးဆေးပြီး မာကြောနေသည်.. မျက်နှာမှာ အမူအရာမဲ့နေသော်လည်း မမြင်နိုင်သည့်အားတခုက သူ့နားမှာ ဖြာထွက်နေသည်..တောက်ပခန့်ညားလွန်းသောအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးမှာ ကျောက်စိမ်းပြားကိုဆွဲထားသည်.. လင်းရှောင်အနောက်မှာတော့ ယူရှောင်မိုကပ်လိုက်လာသည်.. အရှေ့ကတော့ မလျှောက်ဝံ့ပေ.. မုတ်ဆိတ်နဲ့လူက သိုင်းပညာရှင်ဆိုတာ သေချာသည်.. သူ့ဗလကြီးတွေက ကြောက်ခမန်းလိလိ.. ချန်ကောင်းယန်တောင် ကူကယ်ရာမဲ့ ဖြစ်နေတာ ကြည့်လေ..
လင်းရှောင် ဘယ်သူလဲဆိုတာ အားလုံးမခန့်မှန်းနိုင်ခင်မှာပဲ ထန်ယွင်းချီနှင့် ချန်ကောင်းယန်တို့ထံမှ ဝမ်းသာအားရ "အကိုကြီး" ဆိုသည့်အသံထွက်လာသည်..မိတ်ဆက်ပေးစရာမလိုပဲ အားလုံးက မိန်းမလှလေး၏သူရဲကောင်းရောက်လာပြီဟု သိလိုက်ကြသည်..လူအများက သူတို့နှစ်ယောက် အကိုကြီးဟု ပြောစဉ်က သန်မာထွားကြိုင်းသည့် လူသန်ကြီးတစ်ယောက်ဟု ထင်ထားသော်လည်း အခုလို မင်းသားတစ်ပါးကဲ့သို့ ခန့်ညားချောမောသော လူငယ်တစ်ယောက်ဟု လုံးလုံးမထင်ထားပေ..
"အကိုကြီး.. ညီမအတွက် ဂလဲ့စားချေပေးပါ.. သူတို့ ညီမအကျီကို ဆွဲစုတ်ပစ်ကြတယ်.. မုန်းစရာကောင်းလိုက်တာ"
သူမအကိုကြီးရောက်လာတာမြင်တော့ ထန်ယွင်းချီ အံ့လည်းဩသလို ဝမ်းလည်းသာသွားသည်.. သူမ လင်းရှောင်ဆီအမြန်ပြေးလာပြီးမျက်ရည်တွေနဲ့  တိုင်တည်ပြောတော့သည်.. ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းလှသည်..
လင်းရှောင်ကတော့ ဆန့်ကျင်ဘက်ပင်.. သူမကို အလိုမကျသည့်အကြည့်နှင့် ကြည့်လိုက်သည်..
ဒီအခြေအနေတွေကို မြင်တော့ ယူရှောင်မို သူ့မှော်အိတ်ထဲက အဝတ်တစ်စုံ မြန်မြန်ထုတ်လိုက်သည်.. အရမ်းအကောင်းစားကြီး မဟုတ်သော်လည်း ခန္ဓာကိုယ်ဖုံးရုံလောက်သာရှိနေသည့် ဝတ်စုံထက်တော့ သာသေးသည်.. ထို့အပြင် မိန်းမငယ်လေးတစ်ယောက်အတွက် အရှက်သိက္ခာက အရေးကြီးသည်..သို့သော် သူ၏ကြင်နာသည့်အပြုအမူများက ထန်ယွင်းချီ၏မကြည်သောအကြည့်အောက်မှာ ကျဆုံးသွားလေသည်.. သူမဘာသာ သူမအိတ်ထဲက အဝါနုရောင်ဝတ်စုံကိုထုတ်ပြီး ဝတ်လိုက်သည်..ယူရှောင်မို မင်သက်သွားမိပြီး ချက်ချင်း သူ့အကျီကို ပြန်ထည့်လိုက်မိသည်.. သူမမှာသာ အကျီပါတယ်ဆိုတာ သိလျှင် သူဘယ်ဂရုစိုက်ပါ့မလဲ.. ဒီအမျိုးသမီးက တော်တော်ထူးဆန်းသည်.. သူမအိတ်ထဲမှာ အကျီပါလာလျှင်လည်း ဘာလို့ချက်ချင်းထုတ်မဝတ်တာပါလိမ့်?တကယ် နားလည်ရခက်သည်..
The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now