Chapter - 13 စိတ်ဝိညာဉ် စွမ်းအား (စိတ်ဝိညာဉ် စွမ်းအား )

16.7K 2.6K 33
                                    

Zawgyi version

နောက်နေ့မနက် ယူရှောင်မိုအခန်းကထွက်တော့ ဘေးခန်းနားကညီအကိုတို့က ဆေးပင်ခန်းမကို ထွက်ခွာသွားနှင့်ကြပီ.. ယူရှောင်မိုနှင့် သူတို့၏ဆက်ဆံရေးမှာ အကောင်းကြီးမဟုတ်သလို အဆိုးကြီးလဲမဟုတ်.. ပုံမှန် သူတို့နှင့်တွေ့သည့်အခါ နှုတ်ဆက်စကားကလွဲ၍ ကျန်တာမပြောမိ..
ထို့ကြောင့် အရမ်းကောင်းသည့်ဆက်ဆံရေးမျိုးတော့ မဟုတ်ပေ.. သူတို့ကလည်း သူတို့ဘဝ၏မရေမရာ မသေချာသော အခြေအနေကို ရိပ်စားမိသည်.. ကိုယ့်ကိုကိုယ် မွေးရာပါ ပါရမီရှင်များမဟုတ်ကြတာ သိကြသည်.. ထို့ပြင် ဂိုဏ်းသားသစ်များလည်းဖြစ်ကြပြန်သည်.. ထို့ကြောင့် သူတို့၏တာဝန်ကျေပွန်မှုကို အကြီးအကဲတွေကိုပြချင်သောကြောင့် မနက်စောစောထွက်သွားကြသည်..ယူရှောင်မိုကတော့ နောက်ဆုံးမှရောက်သောသူသာ ဖြစ်သည်..

ဒီနေ့လည်း သူတို့ကို သင်ကြားပြသပေးမည့်သူမှာ အကိုကြီး ဖန်ချန်လဲ့ ဖြစ်သည်.. အစတည်းက ယူရှောင်မိုအပေါ် အမြင်ကောင်းလေးတွေရှိထားသောကြောင့် ယူရှောင်မိုရောက်လာသောအခါ ခေါင်းသာညိမ့်ပြပြီး နောက်ကျခြင်းကို ဘာမှတော့မပြော.. တခြားသူများမှာတော့ ယူရှောင်မိုကို စောင့်နေရခြင်းကို မကျေမနပ်ဖြစ်နေကြပြီး အကိုကြီးက သူ့ကိုဘာမှမပြောသောအခါ ပို၍သာမနှစ်ခြိုက်ခြင်းများ ဖြစ်ပေါ်လာသည်.. ယူရှောင်မို နောက်ကျနေသည်ကို ရှက်မိသော်လည်း တခြားသူများရဲ့မကျေနပ်မှုကို သတိမပြုမိပေ.. မနေ့ညက နောက်ကျတဲ့ထိစာဖတ်နေသောကြောင့် ဘာမှမတတ်နိုင်ပဲ မနက်အိပ်ရာထနောက်ကျခြင်းပင်.. 

ယူရှောင်မို ခုံမှာထိုင်လိုက်တော့ ဖန်ချန်လဲ့ သင်ခန်းစာကို စတင်လိုက်သည်..မှော်ဆရာများ၏အလုပ်သည် မှော်ဆေးလုံးဖော်စပ်ခြင်း ဖြစ်သော်လည်း လုပ်ချင်တိုင်းလုပ်နိုင်ရန် မလွယ်ကူပေ..အရမ်းအရေးကြီးသည့် အချက်တစ်ချက် လိုအပ်သည်.. ဤသည်မှာ ဝိညာဉ်စွမ်းအားတည်း..ရောင်ဝါရှိသောစိတ်ဝိညာဉ်များသာ ထိုစွမ်းအားကို ပိုင်ဆိုင်သည်.. ထို့ကြောင့် မှော်ဆရာဖြစ်လာရန် ပထမဆုံးအနေဖြင့် စွမ်းအားကို လှုံ့ဆော်ပေးရန်ဖြစ်သည်.. စွမ်းအားကို ဘယ်လိုလှုံ့ဆော်မလဲဆိုတာ ဒီနေ့ ဖန်ချန်လဲ့သင်ကြားမည့် အဓိကအကြောင်းအရာဖြစ်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now