Chapter - 22 မှော်ဆေးလုံးအရောင်းဆိုင် (မှော်ဆေးလုံးအရောင်းဆိုင်)

16.1K 2.5K 48
                                    

Zawgyi version

စစ်သည်တော်အဖွဲ့မှသူများကို သူတောင်အောက်မှာ မမြင်ခဲ့မိခြင်းမှာ မထူးဆန်းပေ.. ကြည့်ရတာ သူတို့က မြို့ကို ကြိုရောက်နေကြပုံ ရသည်.. သို့သော် စစ်သည်တော်အဖွဲ့မှ လင်းရှောင်ပါလာလိမ့်မည်ဟု ယူရှောင်မိုမထင်ထားပေ.. စဉ်းစားကြည့်လိုက်တော့ တစ်နေ့လုံး ဒီခရီးမှာ သူမမျှော်လင့်ထားတာတွေပဲ ကြုံတွေ့နေရသည်..

ယူရှောင်မိုက ဒီနေရာကထွက်တာနဲ့ ကျန်တဲ့သူတွေနဲ့ လမ်းခွဲသွားဖို့ တွေးထားသည်.. သူလုပ်မည့်အရာတွေကို တခြားသူတွေသိလို့မဖြစ်ဘူးလေ..

ထန်ယွင်းချီ သည် ဂိုဏ်းချုပ်ကြီး၏သမီးဖြစ်သည်..ထျန်းရှင်းဂိုဏ်းမှ နာမည်အကြီးဆုံးဂျူနီယာညီမလေးဖြစ်သည်..လမ်းတစ်လျှောက်လုံး ယူရှောင်မိုကြားနေရတာကတော့ သူမဆီမှ မူဟန်ပို ချွဲနွဲ့သံနှင့် "ကောကော" ဆိုသည့်အသံများဖြစ်သည်..အထူးသဖြင့် တခြားသူများ၏မြှောက်ပင့်ချီးကျူးစကားများက သူမကို ပိုကျေနပ်အားရစေသည်..,ငှက်ပျံစီးသည့်တစ်လျှောက်လုံး သူမ၏တခစ်ခစ်ရယ်သံတွေသာ ပျံ့လွင့်နေလေသည်..

လင်းရှောင်ရောက်လာတော့ ထန်ယွင်းချီအပြေးလေးလှမ်းသွားကာ အော်ဂလီဆန်စရာအသံနှင့် "အကိုရှောင်"ဟု ခေါ်ရင်း လင်းရှောင်ဆီသို့ ပြေးဝင်သွားသည်..
သို့သော် လင်းရှောင်က လမ်းတဝက်ကရှောင်လိုက်သောကြောင့် သူမလွဲချော်သွားလေသည်.. ထန်ယွင်းချီကို ကြည့်ရတာ ရှက်ရကောင်းမှန်းမသိဘဲ သူမအတွက် ဖြစ်နေကြကိစ္စတစ်ခုလိုပင်.. လင်းရှောင်ရဲ့ လက်မောင်းကို လှမ်းချိတ်လိုက်ပီး ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်.. ယူရှောင်မိုတို့အဖွဲ့က လေးယောက်အပါအဝင် တခြားဂိုဏ်းသားများမှာတော့ မနာလိုမှုအပြည့်နှင့်သာ ကြည့်နေကြရလေသည်..

လင်းရှောင်နှင့် ဂိုဏ်းသားတို့၏ဆက်ဆံရေးမှာ အတော်လေးကောင်းသည်..အထူးသဖြင့် မိုကူနှင့်ဖြစ်သည်.. ခုနကအထိ မိုကူပြုံးတာကို ယူရှောင်မိုမမြင်ခဲ့ရပေ.. တစုံတယောက်က သူ့ဆီက ပိုက်ဆံချေးထားသလို သူ့မျက်နှာကို အမြဲတည်ထားသည်.. အခုလင်းရှောင်ရောက်လာတော့ အပြုံးတစ်ခုကို သူ့မျက်နှာမှာ ချိတ်ဆွဲထားရင် လင်းရှောင်နှင့် ထန်ယွင်းချီကို တကြည့်ကြည့်ဖြစ်နေသည်..သူတို့ စကားစမြည်အနည်းငယ်ပြောပြီးနောက် ထွက်လာခဲ့ကြလေသည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now