Chapter - 15 နယ်မြေမှာရှာဖွေတွေ့ရှိခြင်း (နယ်မြေမှာရှာဖွေတွေ့ရှိခြင်း)

15.8K 2.5K 63
                                    

Zawgyi version

အကျီအသစ်တစ်စုံကိုယူပြီး ယူရှောင်မို မျက်ရည်စက်လေးကို ထိတွေ့လိုက်သည်.. သူမျက်လုံးဖွင့်ကြည့်လိုက်တော့ တခြားနယ်မြေကို ရောက်ရှိနေပြီ.. ဒီတစ်ခါတော့ ရေထဲမကျပဲ ရေကန်ဘေးကိုသာ ရောက်လာသည်.. ဒါကလည်း မနေ့ညက သူ့အတွေ့အကြုံကြောင့်ပင်..နှလုံးသားထဲက နှစ်နှစ်ကာကာ ဆန္ဒပြုလိုက်ရင် ဖြစ်လာသည်.. ရေချိုးပြီးတော့ အကျီတွေပါ ဆက်လျှော်နေလိုက်သည်.. သူဒီမှာ မကြာခဏလာပြီး ရေချိုးဖို့ အစီအစဉ်ရှိတာကြောင့် ဝါးတန်းစင်လေးပါ ယူလာခဲ့သည်.. လျှော်ပြီးသားအဝတ်တွေကို ဝါးစင်လေးပေါ်မှာလှမ်းလိုက်သည်.. ဒီလိုနည်းနဲ့ မနက်ဖန် သူအကျီယူလာစရာ မလိုတော့ပေ..

အချိန်ရှိသေးတာကြောင့် သူလုပ်စရာတွေပြီးတော့ ဒီနယ်မြေကို လေ့လာဖို့ ဆုံးဖြတ်လိုက်သည်..,
အခုချိန်ထိတော့ ဒီနယ်မြေက သူ့အတွက် ရေချိုးဖို့သာ အသုံးဝင်သေးသည်.. သို့သော် ဒီနေရာက အရမ်းရိုးစင်းလွန်းသည်.. တချက်ကြည့်ရုံနှင့် ရေကန်နှင် မြက်ပင်များသာတွေ့ရပီး ကျန်တာဘာမှမရှိတာ သိသာသည်.. သူအစကတော့ ဒီနေရာကို မှော်ဆန်ဆန်နေရာလို့ ထင်ထားသော်လည်း တကယ်တမ်း လမ်းလျှောက်ပတ်ကြည့်လိုက်တော့ ဘာမှမရှိပေ..ရေကန်နှင့် ပတ်ပတ်လည်မြေနေရာသာ ရှိသောနယ်မြေမှာ သူဘာလုပ်ရမှာလဲ? ယူရှောင်မို ကြည့်လင်နေသော ကောင်းကင်ကြီးကို မော့ကြည့်ရင်း ရှင်သန်ကြီးထွားနေကြသည့် ပေါင်းပင်တွေကို နင်းမိသွားသည်.. ရုတ်တရက် "အာာာ" လို့ အော်လိုက်မိသည်..

"ဟုတ်တယ် ဟုတ်တယ် ဒီနေရာကို ဒီလိုသုံးလို့ရသေးတာပဲ.. ငါ ဘာလို့စောစော မစဉ်းစားမိရတာလဲ?"

ယူရှောင်မို စိတ်လှုပ်ရှားစွာဖြင့် ခြေတစ်လှမ်း ဆုတ်လိုက်မိသည်.. အရေးကြီးတဲ့ တစုံတရာကို မေ့နေတဲ့ သူ့ခေါင်းကို သူအသာထုရင်း စဉ်းစားနေသည်.. သူ့ခြေထောက်အောက်က မြက်ပင်တွေကို သေချာကြည့်မိသည်..သူနောက်ဆုံးမှတ်မိသွားပြီ.. နေ့လည်တုန်းက အကိုကျောက်ပြောခဲ့တာတွေကို သတိရလာသည်.. မှော်ဆရာဌာနရဲ့ စည်းကမ်းချက်အရ အဆင့်လေးမှော်ဆရာသာ ကိုယ်ပိုင်ဆေးစိုက်ခင်း ပိုင်ဆိုင်နိုင်သည်.. ဒီမြေမှာ ဆေးပင်တွေ စိုက်လို့ ရသည်..နေရာက အကျယ်ကြီးမဟုတ်သော်လည်း ကိုယ်ပိုင်ဆေးစိုက်ခင်းသည် ဂိုဏ်းသားတိုင်းရဲ့ အိပ်မက်ဖြစ်သည်.. ပြီးတော့ ဒီမြေရှိလျှင် ငြီးငွေ့စရာကောင်းတဲ့အလုပ်တွေလဲ လုပ်စရာမလိုသလို တောင်အောက်ဆင်းပြီးတော့လဲ ဆေးပင်ဝယ်စရာမလိုတော့.. အဆင့်နှစ်ဆေးပင်တွေက ဈေးမကြီးသော်လည်း နေ့တိုင်းအသုံးပြုနေလျှင် ချမ်းသာသူတွေတောင် တတ်နိုင်တော့မည်မထင်.. အဆင့်သုံးဆေးပင်ဆိုလျှင်တော့ ပြောစရာပင်မလို.. ထို့ကြောင့် လူတိုင်း ကိုယ်ပိုင်ဆေးစိုက်ခင်း လိုချင်ကြသည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now