16K 2.5K 137
Unicode Version
ယူရှောင်မို ခေါင်းမော့ကြည့်လိုက်တော့ သူ့ကို မျက်မှောင်ကြုတ်ကြည့်နေသည့် လင်းရှောင်ကို တွေ့လိုက်ရသည်.. သူပြန်ပြောမည်လုပ်စဉ် ထန်ယွင်းချီတစ်ယောက် အကြောက်ကြောက်အလန့်လန့်နှင့် အော်ဟစ်ပြီး သူတို့ဆီပြေးလာလေသည်..
သူ လင်းရှောင်၏ပုခုံးကိုကျော်ကြည့်လိုက်တော့ လော့ရှန်း ထရပ်ဖို့ အားယူနေသည်ကို မြင်လိုက်ရသည်.. ထိုအချိန်တွင် လော့ရှန်း၏အသွင်အပြင်မှာ ခုနကနဲ့ လုံးဝကို ကွဲပြားသွားလေပြီ..အစက သူ့အသားအရေမှာ အဝါရင့်ရောင်ဖြစ်သော်လည်း အခု မီးခိုးရောင်ရင့်ရင့် ပြောင်းသွားသည်.. လက်သည်းများမှာလည်း နှစ်လက်မလောက်ရှည်ထွက်လာပြီး မဲနက်နေသည်.. ကိုယ်ခန္ဓာမှာလည်း ခုနကထက် မီတာဝက်လောက် ပိုရှည်ထွက်လာသည်.. ကြွက်သားတွေမှာလည်း အဝတ်ကို ဖောက်ထွက်ပြီး ခုံးကြွလာသည်.. လော့ရှန်းရဲ့အသွင်အပြင်မရှိတော့ပဲ မိစ္ဆာစစ်စစ်တစ်ကောင် ဖြစ်သွားလေသည်..
ယူရှောင်မို မိစ္ဆာအကြောင်း တခါမှ မကြားဖူးပေ.. ထို့ကြောင့် အစက လူတွေ လော့ရှန်းကို ဘာကြောင့် မိစ္ဆာဟုခေါ်မှန်း သူမသိဖြစ်နေသည်.. ထို့အပြင် သူတို့က မကောင်းဆိုးဝါးကို တွေ့သလို ကြောက်လန့်နေကြသေးသည်..
"ဒီလူက ဘာဖြစ်သွားတာလဲ?"
ယူရှောင်မို လင်းရှောင်လက်မောင်းထဲ ကျုံ့ဝင်ရင်း မေးလိုက်သည်..
ဘာအကူအညီမှ မရပဲ အသုံးမဝင်သူတစ်ယောက်တော့သူမဖြစ်ချင်ပါ.. သို့သော် သူ့ညာခြေကျိုးထားသည်.. အနားက လူတွေကလည်း ကြောက်လန့်တကြားပြေးလွှားနေကြသည်.. အခုနေ သူပါထွက်ပြေးလျှင် ထပ်နင်းခံရပြီး နောက်တဖက်ပါ ကျိုးသွားနိုင်သည်.. တောင်ပေါ်ကနေ ခြေထောက်နဲ့ဆင်းလာပြီး တောင်ပေါ်ကို ထမ်းစင်နဲ့တော့ ပြန်မတက်ချင်ပါလေ..
"မိစ္ဆာ"
လင်းရှောင် အနောက်လှည့်လိုက်ပြီး သူတို့ဆီ တည့်တည့်လာနေသော လော့ရှန်းကို မျက်နှာချင်းဆိုင်လိုက်သည်..
"ဘာဖြစ်လို့ ဒီလိုပြောင်းသွားရတာလဲ?သူက ချင်းချုံးဂိုဏ်းကလူ မဟုတ်ဘူးလား? ဘာလို့ မိစ္ဆာဖြစ်သွားတာလဲ?"
ယူရှောင်မို တံတွေးလေးအသာမျိုချရင်း မေးမိသည်..
The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now