Chapter - 18 အောင်မြင်မှုနှုန်း (အောင်မြင်မှုနှုန်း)

16.2K 2.6K 21
                                    

Zawgyi version

မှော်ဆေးလုံးဖော်စပ်ခြင်းမှာ အခက်ကြီးမဟုတ်သလို လွယ်ကူမှုလဲမရှိပါ.. သူတို့လေ့ကျင့်ခဲ့ရသလို စိတ်စွမ်းအင်ထိန်းချုပ်မှုကျွမ်းကျင်ခြင်းပေါ် မူတည်သည်.. ကျွမ်းကျင်မှုရှိလေ ကျရှုံးနိုင်ခြေနည်းလေ ဖြစ်သည်.. ဆန့်ကျင်ဘက်အားဖြင့်တော့ ကျွမ်းကျင်မှုနည်းလေ ကျရှုံးနိုင်ခြေမြင့်လေ ဖြစ်သည်..
အကိုဝူက သူ့ကို ဆေးပင်ခြောက်မျိုးပေးထားခဲ့ခြင်းမှာ သူ့ကျွမ်းကျင်မှုကြောင့်ဖြစ်သည်.. ဒါလည်း သူ့ကျွမ်းကျင်မှုကို ထောက်ခံပေးခြင်းတစ်မျိုး ဖြစ်သည်..

ကျန်လေးယောက်မှာ မကျေမနပ်ဖြစ်နေသော်လည်း ကန့်တော့မကန့်ကွက်ရဲပေ.. ဤသည်က အကိုဝူ၏ဆုံးဖြတ်ချက်ပင်.. အကိုဝူသည် အကိုကြီးလို ဝါရင့်စီနီယာတစ်ယောက်ဖြစ်သည်..ဘယ်လောက်ပဲမကျေနပ်ပါစေ အထွန့်တော့မတက်ရဲကြပေ.. ထို့အပြင် သူတို့သည် အမှန်ပင် ယူရှောင်မိုကို မမှီကြခြင်း ဖြစ်သည်.. အခုချိန်မှာ အကြောင်းပြချက်မရှိဘဲ ထပြောလိုက်လျှင် အကိုဝူ သူတို့ကို အမြင်စောင်းသွားနိုင်သည်.. သို့သော် ယူရှောင်မိုကိုတော့ ဒီတကြိမ်တွင် သူတို့ မနာလိုမုန်းတီးဖြစ်မိသည်.. အကိုဝူရှေ့တွင် အားလုံးမှာ သူနှင့်ယှဉ်ရင်း အသုံးမကျသည့်သူများဖြစ်ခဲ့ကြသည်..

ယူရှောင်မိုလည်း ဘာမှမတတ်နိုင်, သူဘာများ တတ်နိုင်မည်နည်း? ဆေးပင်တွေရလာပြီးနောက် ဆေးလုံးဆက်ဖော်ဖို့ လုပ်လိုက်သည်..ဆေးလုံးဖော်စပ်ရာတွင် အဆင့်များစွာလိုအပ်သည်.. အဆင့်တိုင်းက အရင်က သူလေ့ကျင့်ထားခဲ့သလိုပင်.. စိတ်စွမ်းအင်ကို အပေါက်သုံးခုထဲကိုထည့်လိုက်သည်.. ဒီအပေါက်လေးသုံးခုထဲပဲ ဆေးပင်တွေကို ထည့်ရတာဖြစ်သည်..

စိတ်စွမ်းအင်ကို ထည့်ပီးတော့ ယူရှောင်မို အတွင်းကြေဆေးပင်, အမြစ်ရှင်ဆေးပင်နှင့် ငြိမ်းချမ်းရေးဝိညာဉ်ပန်းတို့ကို ရွေးယူလိုက်သည်.. ဒီသုံးမျိုးကို ပေါင်းစပ်၍ ဖြစ်ပေါ်လာသည့်ဆေးလုံးကို လွင့်ပြယ်ဆေးဟုခေါ်သည်.. အဆိပ်တွေကို လွင့်ပြယ်စေသည်.. အကျိုးသက်ရောက်မှုနှုန်းက အရမ်းကြီးမမြင့်သော်လည်း ရိုးရှင်းသောအဆိပ်တွေကို ပျောက်ကင်းစေနိုင်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now