14.1K 2.2K 22
Unicode Version
အားလုံးသိကြတဲ့အတိုင်း မှော်ဆရာတွေမှာ တိုက်ခိုက်နိုင်စွမ်းမရှိကြပါဘူး။  မှော်ဆေးလုံးများကိုဖော်စပ်နိုင်သော်လည်း အတွင်းပါရမီမှာ သိုင်းပညာစွမ်းရည် နည်းနည်းမှ မရှိကြပေ။ ထို့ကြောင့် အဆင့်နိမ့်မှော်ဆရာများနှင့် အလယ်အလတ်တန်းမှော်ဆရာများမှာ သန်မာအားကောင်းသည့်နောက်ခံအင်အားလိုအပ်သည်။ အဆင့်မြင့်မှော်ဆရာများကတော့ သူတို့ကိုယ်တိုင် ရှာဖွေရန်မလိုပေ။ သူတို့ကိုသာ လာရှာကြရသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်မြင့်သိုင်းသမားများမှာလည်း အဆင့်မြင့်မှော်ဆရာဖော်စပ်သည့် အဆင့်မြင့်မှော်ဆေးလုံးများကို မှီဝဲရန် လိုအပ်သည်။
ထို့ကြောင့် မှော်ဆရာအများစုက ဂိုဏ်းတွေမှာ ဂိုဏ်းသားအဖြစ် ခံယူကြသည်။ ထိုမှသာ ဂိုဏ်းက သူ့ကိုကာကွယ်ပေးမည်ဖြစ်သည်။ အကယ်၍ ကောင်းကောင်းလုပ်ဆောင်နိုင်ပါက ဟိုဟိုဒီဒီသွားပြီး ဆေးပင်ရှာဖွေနေစရာမလိုတော့ပေ။
သို့သော် ဂိုဏ်းတွေမှာလည်း ဂိုဏ်းစည်းကမ်းရှိသည်။ဥပမာ လင်းရှောင် နောက်ဆုံးတစ်ခေါက် အထူးတာဝန်ဖြင့်သွားတုန်းက အလယ်အလတ်တန်းမှော်ဆရာသုံးယောက်ကို သူနှင့်အတူခေါ်သွားရသည်။ ပထမတချက်က တခုခုပြသနာမတက်အောင် ကြိုတင်ကာကွယ်လိုသောကြောင့် ဖြစ်သည်။ဒုတိယတချက်မှာ ဆေးပင်တူးဖော်ရာတွင် အဆင့်မြင့်ဆေးပင်များကို မှော်ဆရာတွေသာ တူးလို့ရသည်။
အဆင့်မြင့်မှော်ဆေးပင်များမှာ အဆင့်နိမ့်ပင်တွေနှင့် ခြားနားသည်။သူတို့ကို ခူးဆွတ်တူးဖော်ရန် ဝိညာဉ်စွမ်းအားလိုအပ်သည်။ ထိုမှမဟုတ်လျှင် အမြစ်မှာ အလွယ်တကူပျက်စီးသွားပြီး အရည်အသွေးလျော့ကျသွားနိုင်သည်။
ထို့ကြောင့် ထျန်းရှင်းဂိုဏ်းမှာ တပည့်တွေကို အထူးတာဝန်ဖြင့်လွှတ်လျှင် မှော်ဆရာတွေကိုပါ ထည့်ပေးလိုက်သည်။တာဝန်အောင်မြင်ပြီး ပြန်လာခဲ့လျှင် အောင်မြင်လာသောဆေးပင်၏ဆယ်ရာခိုင်နှုန်းကို မှော်ဆရာတွေက ရရှိသည်။
သို့သော် လူတိုင်းတော့ အထူးတာဝန်ဖြင့် သွားခွင့်ရတာတော့မဟုတ်ပေ။တချို့မှော်ဆရာတွေဆို ဂိုဏ်းကိုဝင်တာ ဆယ်နှစ်လောက်ရှိတော့မည်ဖြစ်သော်လည်း စစ်သည်တော်ဌာနကလူများဖြင့် တခါမှ အထူးတာဝန်မထမ်းဆောင်ဖူးပေ။
The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now