Chapter - 17 ပထမဆုံးအကြိမ်ထင်ရှားကျော်ကြားခြင်း (ပထမဆုံးအကြိမ်ထင်ရှားကျော်ကြား

16.2K 2.6K 58
                                    

Zawgyi version

အားလုံးဝိုင်းကြည့်နေကျတော့ ယူရှောင်မို အနည်းငယ်ရှက်လာသည်..
"ကျွန်တော် တခုခု အမှားလုပ်မိလို့လား?"

ရုတ်တရက် အားလုံးသတိပြန်ဝင်လာကြသည်.. အကိုဝူမှလွဲ၍ အားလုံး နဖူးကြောတွေ တွန့်ကုန်ကြသည်.. ဘာအမူအရာမှမပြတဲ့ အကိုဝူက နောက်ဆုံးတော့ ပြုံးရင်း ခေါင်းညိမ့်ပြကာ..
"ဘာမှ မမှားပါဘူး.. မင်းကောင်းကောင်းလုပ်နိုင်သားပဲ.. ပထမဆုံးအကြိမ်မှာပဲ စိတ်စွမ်းအားကို ခွဲထုတ်နိုင်တယ်ဆိုတာ အကိုကြီးတုန်းကလိုပဲ"

တကယ်တော့ ဒီစကားလုံးများက တလွဲချီးမြှောက်မှုများဖြစ်သည်.. တခြားသူများ ရုတ်တရက် ရှော့ရသွားကြသည်.. အကိုဝူက သူ့ကို အကိုကြီးနဲ့ ယှဉ်ပြောလိုက်ခြင်းသည် သူ့ရဲ့ စိတ်စွမ်းအင်ထိန်းချုပ်မှုအားက သာမာန်မဟုတ်ဟု ဆိုလိုက်သလိုပင်.. အကြိမ်ကြိမ်ကျရှုံးခဲ့ရသော သူတို့အဖြစ်ကိုတွေးမိကြတော့ သူတို့မျက်နှာတွေ ရှုံ့မဲ့လာကြသည်.. သူတို့ရဲ့ ပါရမီစွမ်းရည်က ယူရှောင်မိုနှင့်အတူတူပင် ဖြစ်သည်.. အားလုံးထဲမှာ အနိမ့်ဆုံး အဝါရောင်ရောင်ဝါတစ်ယောက်သာပါပြီး ကျန်သုံးယောက်က အစိမ်းရောင်ရောင်ဝါ ရှိသူများဖြစ်ကြသည်..
အခုတော့ အငယ်ဆုံးဂိုဏ်းသားက သူတို့ထက် ကျော်တက်သွားတာတွေ့လိုက်ရသည်.. ပြီးတော့ ထိုတစ်ယောက်က သူတို့နဂိုတည်းက အမြင်မကြည်သူဖြစ်သောကြောင့် ပိုပြီး မကျေမနပ်ဖြစ်သွားကြသည်..

ယူရှောင်မိုကတော့ အဲလောက်အများကြီးမတွေးတောပေ.. အကိုဝူက သူ့ကိုချီးကျူးလိုက်တော့ ရှက်ပြီးရယ်နေမိသည်.. ယူရှောင်မိုလဲ လူကြားထဲ ထင်ပေါ်နေတာမျိုးမဖြစ်ချင်ပါ.. ပထမဆုံးအခေါက်မှာတင် အောင်မြင်မယ်လို့ သူဘယ်လိုလုပ်ထင်ထားမှာလဲ? ဒီလိုဖြစ်မယ်သာသိခဲ့ရင် အကြိမ်အချို့ကျရှုံးချင်ယောင်ဆောင်ခဲ့မှာပင်.. တကယ်တော့ ကျန်တဲ့လေးယောက်က သူ့ကို မကြိုက်ဘူးဆိုတာ သူလဲရိပ်မိသည်.. သူလဲ ကိုယ့်ဒုက္ခ ကိုယ်မရှာချင်ပါ.. ဒါကြောင့် အမြဲတမ်း ဘာမှမသိသလို ဟန်ဆောင်နေခဲ့သည်.. အခု သူတို့ကို ကျော်တက်သွားတော့ အနာပေါ်တုတ်သလို ဆတ်ဆတ်ခါသွားကျသည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now