Chapter - 21 ဘဝဇာတ်ကြောင်းနှင့် ငှက်ပျံ (ဘဝဇာတ်ကြောင်းနှင့် ငှက်ပျံ)

16.7K 2.4K 48
                                    

Zawgyi version

တောင်အောက်ဆင်းချိန်တွင် သူတစ်ယောက်တည်းမဟုတ်ပေ.. လတိုင်း ထျန်းရှင်းဂိုဏ်းသား ဘယ်နှစ်ယောက်လောက် တောင်အောက်ဆင်းလေ့ရှိလဲ သူသေချာမသိပေ.. တခြားအဖွဲ့မှဂိုဏ်းသား ဘယ်နှစ်ယောက်ပါမလဲ လည်း ယူရှောင်မိုမသိပေ.. မြေကမ္ဘာအဖွဲ့မှာတော့ သူနဲ့အတူ လေးယောက်ပါလာခဲ့သည်..,ငါးယောက်ထဲတွင် နှစ်ယောက်မှာ လိုအပ်သောပစ္စည်းတွေဝယ်ရန် ဆရာများကလွှတ်လိုက်ခြင်းဖြစ်ပြီး ကျန်နှစ်ယောက်မှာတော့ မတွေ့ရတာကြာပြီဖြစ်သော မိသားစုများဆီသို့ အလည်ပြန်ခြင်းဖြစ်သည်..

မူလယူရှောင်မို၏မိသားစုအကြောင်းကို သူနှင့်အတူတူဝင်လာသော ဂိုဏ်းသားများဆီက တီးခေါက်ကြည့်ဖူးသည်.. သူက မိဘမဲ့တစ်ယောက်ဆိုတာ သိခဲ့ရသည်.. သူ့အမေက သူ့ကိုမွေးပြီး သူ့အသက်ခုနှစ်နှစ်တွင် အလုပ်ကြမ်းများလုပ်ရင်း ကွယ်လွန်သွားခဲ့သည်..,ထို့နောက်မှာတော့ အမေ့ညီမ သူ့အဒေါ်မိသားစုက မွေးစားခဲ့သည်.. အဒေါ်မိသားစုမှာ မက်မွန်ပန်းတွေဝေရာ ရွာကလေးတွင် နေထိုင်သည်..ရွာငယ်လေးဖြစ်သော်လည်း မက်မွန်ပန်းများကြောင့် နာမည်ကျော်ကြားသည်.. သူ့အသက်ဆယ့်ခုနှစ်နှစ်ရောက်တော့ သူ့အဒေါ်မိသားစုက သူ့ကို အိမ်ပေါ်က နှင်ချဖို့ အကြောင်းပြချက်ရှာလေသည်.. အချိန်ကိုက်ပင် ထျန်းရှင်းဂိုဏ်းမှ အကြီးအကဲများက ဂိုဏ်းဝင်အသစ်တွေကို လာရှာချိန်နှင့် တိုးသည်.. ဒါက ရိုးရှင်းလွန်းသော သူ့ဘဝအကြောင်းပင်..
ဒါကိုကြည့်ခြင်းဖြင့် သူ့အဒေါ်မိသားစုက မူလယူရှောင်မိုကို မကြိုက်ဘူးဆိုတာ သူခန့်မှန်းနိုင်သည်..

မူလယူရှောင်မိုမှာ သူ့မိသားစုနှင့်ရင်းနှီးသောဆက်ဆံရေးမရှိသည့်အတွက် ယူရှောင်မို သက်ပြင်းချနိုင်သည်..
မရင်းနှီးသောဆက်ဆံရေးဆိုသည်မှာ သူ့အိမ်အပြန်ကို သူ့မိသားစုတွေက မလိုလားခြင်းဖြစ်သည်.. အိမ်ပြန်ဖို့မလိုဟု ဆိုလိုခြင်းသည် သူ မူလယူရှောင်မိုအစစ်မဟုတ်တော့ခြင်းကို လူအများမသိနိုင်ရန် အချက်ကောင်းဖြစ်သည်.. ပြီးတော့ အကယ်၍သာ ပြန်ရမည်ဆိုလျှင် သူ့အဒေါ်မိသားစုကို သူဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ မသိပေ.. ပိုအရေးကြီးတာက မက်မွန်ပန်းဝေရွာ ဘယ်နေရာရှိလဲ သူမသိ.. သူ့အဒေါ်မိသားစုတွေကိုလဲ သူမသိ.. ဘာဆို ဘာမှမသိပဲ အိမ်ပြန်ရခြင်းသည် အန္တရာယ်ကို လက်ကမ်းကြိုနေသလိုပင်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now