Chapter - 11 ရင်းနှီးသူများနှင့်မမျှော်လင့်ပဲထပ်မံဆုံတွေ့ခြင်း

16.9K 2.7K 49
                                    

Zawgyi version

မနက်တုန်းက ယူရှောင်မို စိုက်ခင်းထဲမှ ဆေးပင်များ၏ရှင်သန်ကြီးထွားနှုန်းမှာ မတူညီကွဲပြားကြောင်း ရှာဖွေတွေ့ရှိခဲ့သည်.. အစကတော့ ဘာကြောင့်လဲ သူနားမလည်.. အခု သူခန့်မှန်းကြည့်ရသလောက်တော့ အရည်အသွေးကြောင့် ဖြစ်နိုင်သည်.. စိုက်ခင်းတစ်ခုထဲတွင် ကြီးထွားကြသောအပင်ချင်းအတူတူ အဘယ့်ကြောင့် အရည်အသွေးကွဲပြားနေရသည်ကိုတော့ သူ မသိသော်လည်း  သေချာပေါက် အကြောင်းအရင်းတစ်ခုတော့ ရှိရမည်ဟု ခန့်မှန်းနိုင်သည်.. အာဟာရ စုပ်ယူရရှိပုံခြင်း မတူညီသောကြောင့်လား သို့မဟုတ် တခြားပြင်ပအရာများ၏သက်ရောက်မှု အကျိုးဆက်ကြောင့်လား မဝေခွဲနိုင်.. ဘာကြောင့်ပင်ဖြစ်စေ ယူရှောင်မိုတစ်ယောက် သူ့ရှာဖွေတွေ့ရှိမှုအပေါ် အလွန်ပင်စိတ်လှုပ်ရှားနေမိသည်.. မှော်ဆေးပင်များ၏အရည်အသွေးကို သူသတိပြုမိထားလျှင် နောက်ပိုင်း ဆေးပင်နှင့်ပတ်သက်သောအကြောင်းအရာများမှာ သူ့အတွက် ပိုလွယ်ကူသွားနိုင်သည်.. ဒီတစ်ခေါက်တော့ ယူရှောင်မို သူ့အပေါင်းအဖော်များကို မေးကြည့်ဖို့ ရှက်နေမိသည်.. သို့သော် သူ မသိရလျှင်လည်း ဒီည အိပ်ပျော်မည်မထင်.. ခေါင်းအသာရမ်းလိုက်ရင်း နောက်ဆုံးတော့ စာကြည့်တိုက်ဆီသွားဖို့သာ ဆုံးဖြတ်လိုက်သည်.. စာကြည့်တိုက်မှာ အားလုံးရှာဖွေနိုင်တာမို့ ဒီအကြောင်းကိုလဲ ရှာဖွေတွေ့ရှိနိုင်မည် ထင်သည်..

ညစာမြန်မြန်စားပီးတော့ ယူရှောင်မို သူ့အပေါင်းအဖော်များနှင့် အခန်းမပြန်ပဲ စာကြည့်တိုက်ကိုတန်းသွားတော့သည်.. စာကြည့်တိုက်မှာ အရင်က အဘိုးကြီးပဲ မျက်နှာတည်ကြီးနှင့် ထိုင်စောင့်နေသည်.. ဒီတခါတော့ ပထမဆုံးအကြိမ်မဟုတ်တော့သောကြောင့် အရင်တစ်ခေါက်လိုမဟုတ်ပဲ သက်သေခံကဒ်ပြားကို ဦးအောင်ထုတ်ပေးလိုက်သည်.. အရင်တစ်ခါလိုပဲ အမဲရောင်တံဆိပ်ပြားလေး ပြန်လက်ခံရရှိသည်..

အရှေ့ဆောင်ဘက်သို့ မသွားခင် "ကျေးဇူးတင်ပါတယ် ဦးလေး" ဟု ယဉ်ကျေးစွာ ပြောခဲ့သည်..
ယူရှောင်မို နောက်ပြန်လှည့်မကြည့်လို့ မသိလိုက်သော်လည်း အဘိုးကြီးမှာ သူ့ရဲ့'ဦးလေး' ခေါ်သံကြောင့် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်.. ဒီယာယီဂိုဏ်းသားလေးအပေါ်ထားတဲ့ အဘိုးကြီးရဲ့ သဘောထားက တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now