Chapter - 10 ဆေးစိုက်ခင်းတွင် ရှာဖွေတွေ့ရှိခြင်း (ဆေးစိုက်ခင်းတွင် ရှာဖွေတွေ့ရှိ

17.8K 2.6K 24
                                    

Zawgyi version

ဖန်ချန်လဲ့က သူ့ကို ဆေးပင်စိုက်ခင်းဆီသို့ ခေါ်လာပြီး အစောင့်ဂိုဏ်းသားကို အကြောင်းကြားလိုက်သည်.. ယူရှောင်မိုကို အကိုကြီးခေါ်လာတာကြောင့် ဘာမှမမေးမြန်းပဲ အရေးကြီးတဲ့ အချက်တချို့ကိုသာ မေးပြီး ဝင်ခွင့်ပြုလိုက်သည်..

အဆင့်တစ်ဆေးပင်စိုက်ခင်းမှာ အသုံးများသောကြောင့် အတော်လေးကြီးမားသည်.. ထို့ကြောင့် မဝင်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့ လိုသည်.. အထဲဝင်လိုက်တော့ လေယူရာယိမ်းနေသည့် ဆေးပင် စိုက်ခင်းပြင်ကျယ်ကြီးကို ယူရှောင်မို တွေ့လိုက်ရသည်.. အများဆုံးစိုက်ထားသောဆေးပင်မှာ ထိခိုက်ဒဏ်ရာကင်းဆေးပင်ဖြစ်သည်.. အစိမ်းရောင် ရိုးတံနှင့်အရွက်ရှိပြီး ခရမ်းရောင် အဖူးလေးက ထိပ်တည့်တည့်တွင် ရှိနေသည်.. ဒီအမျိုးအစားဆေးပင်သည် ပြင်ပဒဏ်ရာများအတွက် အလွန်အကျိုးရှိသည်.. သို့သော် မှော်ဆရာ အများစုက ပြင်ပဒဏ်ရာ ကုသဖို့အတွက် မှော်ဆေးလုံး မဖော်စပ်ပေ.. စွမ်းအားပညာရှင်များအတွက် ပြင်ပဒဏ်ရာဆိုသည်မှာ အသေးအဖွဲကိစ္စသာဖြစ်သည်.. ထို့ကြောင့် ပြင်ပဒဏ်ရာအတွက် ဆေးလုံးဖော်စပ်ခြင်းမှာ ရှားပါးသည်.. သို့သော် အမျိုးသမီးပညာရှင်များကတော့ ကွဲပြားသည်.. အလှအပကို ထိန်းသိမ်းခြင်းသည် အမျိုးသမီးများအတွက် အဓိကလိုအပ်ချက် ဖြစ်သည်.. ထိခိုက်ဒဏ်ရာကင်းဆေးပင်၏ ဘေးတစ်ဖက်တစ်ချက်တွင် ဆောင်းရေခဲဆေးပင်နှင့် ငြိမ်းချမ်းရေးဝိညာဉ်ဆေးပင်တို့ကို စိုက်ပျိုးထားသည်.. ဒီဆေးပင်တွေကိုတော့ အဆင့်တစ်ဆေးလုံး ဖော်စပ်ရာတွင် တော်တော်များများသုံးကြသည်.. ထို့ကြောင့် အပင်အရေအတွက် များများ စိုက်ထားသည်ကို တွေ့ရသည်..

ယူရှောင်မို ငြိမ်းချမ်းရေးဝိညာဉ်ပန်းပင်ရှေ့မှာ ငုတ်တုတ်ထိုင်ကြည့်မိသည်.. သူ့စိတ်ထင်လား မသိပေမယ့် ဘယ်ဘက်ခြမ်းမှ ပန်းများမှာ သိပ်ပြီးလန်းဆန်းခြင်းမရှိပဲ ညာဘက်ခြမ်းမှ ပန်းများမှာတော့ အစွမ်းကုန်တက်ကြွစွာ ဖူးပွင့်လန်းဆန်းနေသည်.. ပါးလွှာသော အဖြူရောင် အမှုန်အမွှားလေးများက ညာဘက်ခြမ်းက အပင်တွေရဲ့ ပင်စည်နဲ့အရွက်တွေမှာ ဝန်းရံနေသည်.. အဲဒါဘာလဲ သူမသိပေ.. တခြား ငြိမ်းချမ်းရေးဝိညာဉ်ပင်တွေကိုကြည့်တော့ အရမ်းကောင်းမနေ.. အထူးသဖြငိ့ တခြားအပင်တွေမှာ အဖြူရောင်အလွှာပါးလေး ရှိမနေပါ.. ယူရှောင်မို သေချာစိုက်ကြည့်နေရင်း ခေါင်းထဲမှာ မေးခွန်းများဖြင့် ပြည့်နှက်နေသည်..သူကိုယ်တိုင်လည်း သူမြင်နေရတာကို သိပ်မသေချာ, တခြားနေရာကို ပြောင်းဖို့ ဆုံးဖြတ်လိုက်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now