Chapter - 19 တောင်အောက်မဆင်းခင် ( တောင်အောက်မဆင်းခင်)

16K 2.6K 57
                                    

Zawgyi version

ယူရှောင်မို သူ့အလုပ်ပြီးမြောက်မှုကို တင်ပြလိုက်သောအခါ မှတ်တမ်းတင်သည့်ဂိုဏ်းသားမှာ အလွန်အံ့သြသွားသည်.. အဆင့်တစ်ဆေးလုံး အလုံးလေးဆယ်..
ဂိုဏ်းသားသစ်တစ်ယောက်အနေနဲ့ ဒီအရေအတွက်က အံ့သြစရာပင်..အဆင့်နိမ့်ဆေးလုံးများဖြစ်သောကြောင့် တစ်ဝက်ကိုသာ ပြန်သွင်းရန်လိုသည်.. ကျန်တစ်ဝက်ကို သိမ်းထားနိုင်သည်.. ထျန်းရှင်းဂိုဏ်းတွင် အဆင့်တစ်ဆေးလုံးများ မရှားပါးပေ.. အထူးသဖြင့် အဆင့်တစ်ဆေးလုံးတွေကို ရောင်းချလျှင်လဲ ပိုက်ဆံအများကြီးမရပေ..  ဒီနေ့တော့ ယူရှောင်မို အဆင့်တစ်ဆေးလုံးနှစ်ဆယ်အတွက် ဆယ်မှတ်ရရှိခဲ့သည်..

အဆင့်တစ်ဆေးလုံးဆိုသည်မှာ ထျန်းရှင်းဂိုဏ်းအတွက် တန်ဖိုးမရှိပေ.. သို့သော် ယူရှောင်မိုအတွက်တော့ တန်ဖိုးရှိသည့်အခွင့်အရေး ဖြစ်သည်.. မနေ့က သူ့ရဲ့ အပြာရောင်မျက်ရည်စက်နယ်မြေမှာ မှော်ဆေးပင်စိုက်ပျိုးလို့ရကြောင်း သိသွားပြီးသည့်နောက် ဒီအကြံကို သူရလာခြင်းဖြစ်သည်.. အဆင့်နှစ်ဆေးပင်တွေကို သူစိုက်ပျိုးဖို့ ကြံစည်ထားသည်.. ဒါအတွက် သူမျိုးစေ့လိုအပ်သည်.. မြေကမ္ဘာအဖွဲ့တွင် မှော်ဆေးမျိုးစေ့မျိုးစုံရှိသော်လည်း သူက ယာယီဂိုဏ်းသားသစ်တစ်ယောက်ဖြစ်သည့်အပြင် အလျင်စလိုပြုမူမိပါက သူ့ကို သတိပြုမိသွားကြလိမ့်မည်.. ယူရှောင်မို သူ့ရဲ့နယ်မြေလေးကို လူမြင်သာအောင်မလုပ်ချင်သောကြောင့် တောင်အောက်ဆင်း၍ မျိုးစေ့ဝယ်ရန်သာ ဆုံးဖြတ်လိုက်သည်..

သို့သော် မျိုးစေ့ဝယ်ရန် လုံရှန်းပြည်ငွေကြေးလိုအပ်သည်.. အရင်ယူရှောင်မို၏ပစ္စည်းအားလုံးကို လှန်လှောရှာဖွေရာ အံ့သြစရာကောင်းစွာပင် အင်္ကျီနှစ်စုံကလွဲ၍ ဘာမှမရှိသောကြောင့် သူစိတ်ဓါတ်ပါကျလာသည်..     ပိုက်ဆံမရှိဘူးဆိုလျှင် ပိုက်ဆံအရင်ရှာရမည်.. မနေ့ကထိ သူဒီအတွက် သောကများခဲ့ရသည်.. ဒီနေ့တော့ ဒီလိုအခွင့်အရေးရမယ်လို့ မတွေးခဲ့ဖူးပေ.. ထို့ကြောင့် ယူရှောင်မို နောက်နှစ်ရက်အကြာတွင် တောင်အောက်ဆင်းဖို့ ခွင့်ပြုချက်တောင်းရန် ဆုံးဖြတ်လိုက်သည်..

ညနေဖက်တွင် ယူရှောင်မို ရေချိုးရန် ရေမခပ်တော့ချေ..
အခုတော့ သူ့နယ်မြေထဲပဲ တန်းသွားလိုက်သည်..တခြားသူတွေ သူ့ကို သံသယဖြစ်မှာ စိတ်မပူရ.. အဘယ်ကြောင့်ဆိုသော် ဒီကလူတော်တော်များများမှာ နှစ်လလောက် ရေမချိုးပဲ နေကြသည်လေ..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now