"ချစ်လား... "
"အင်း...ချစ်တယ် "
"ဘယ်လောက်တောင်ချစ်တာလဲ....."
"အများကြီး...အများကြီး...အများကြီး...."
"ဘယ်အထိချစ်မှာလဲ ..."
"ငါ့အသက်ရှင်နေသရွေ့...
ငါ့နှလုံးသွေးမရပ်တန့်သရွေ့ပေါ့ဟာ""ငါကတော့နင့်ကိုနောင်ဘဝတွေအများကြီး
အများကြီးအထိချစ်မှာ "တစ်ဖြည်းဖြည်းထိကပ်သွားတဲ့နှစ်ခမ်းနှစ်စုံ
စကားတတ်လွန်းတဲ့သူမနှုတ်ခမ်းများဟာ
ကျွန်မနှလုံးသားကိုအကြိမ်ကြိမ်အခါခါခုန်စေကာမူ
သူမသည် ကျွန်မအတွက်ဘယ်သောအခါမှရိုးသွားခြင်းမရှိ အမြဲတမ်းသစ်လွင်နေမည့် ကမ္ဘာငယ်တစ်ခု...ကောင်းကင်ပြာပြာအောက်က
မြတ်ခင်းစိမ်းစိမ်းပေါ် အနမ်းမိုးစွေနေသည့်ကောင်မလေးနှစ်ယောက်သည် ချစ်ခြင်းတို့ဖြင့်ပြည့်စုံနေသည့်
ကမ္ဘာငယ်တစ်ခုကိုပျော်ရွှင်စွာတည်ဆောက်နေဟန်တူသည်....ထိုစဉ်ရုတ်ချည်းပြောင်းလဲသွားသောပတ်ဝန်းကျင်
လူတိုင်းကိုယ်စီအနက်ရောင်အင်္ကျီများဖြင့်
ဝမ်းနည်းပူဆွေးနေဟန်ရှိသည်....ထိုလူအများ၏အလယ်တွင်
နှင်းဆီပန်းဖြူဖြူကိုကိုင်ကာ
အသည်းကြွေမတတ်ငိုကြွေးနေသည့်
မိန်းမပျိုလေးတစ်ဦးလည်းရှိသည်......" သတ်မှာ နွေး
ငါကိုယ်တိုင်သတ်မှာ... ပြီးရင်
ငါနင့်နောက်လိုက်ခဲ့ပေးမယ်...."နာနာကျင်ကျင်နဲ့ပြောလိုက်သောသူမစကားတွေသည်
အဘယ်သောအရာကိုရည်ညွှန်းသနည်း....
ကျစ်ကျစ်ပါအောင်ဆုပ်ထားသော
လက်သီးနှင့် အံကျိတ်ထားသောနှုတ်ခမ်းပါးတစ်စုံနှုတ်ခမ်းပါးထက်မှစီးကျလာသော သွေးစက်တစ်ချို့
သည် သူမမျက်နှာအပ်ထားသော မြေပုံမို့မို့လေးထံ
ကျဆင်းသွားသည်.....ထိုမြေပုံလေးရဲ့ထိပ်တွင်
ဆေးပင်မခြောက်သေးသည့်ကမ္ဗည်းတိုင်လေးထက်
ရေးထိုးထားသည်က မနွေးနွေးထိုက် အသက်(23) နှစ်................ ............. ..............
Last 13 years ago....
"တီ....!!! ကျွီ!!!"
YOU ARE READING
For Life..... (Z+U)
Randomဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... ဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... Girl × Girl #moonlight