လုပ်ချင်ရာလုပ်ကာ ပြောချင်ရာပြောခဲ့မိသမျှ
မနက်ရောက်မှ မျက်နှာချင်းဆိုင်ဖို့ရာ မဝံ့မရဲရှက်နေခဲ့သည်.....သူမကိုယ်တိုင်တောင်မသိလိုက်ပါဘဲ
စိတ်လိုလက်ရထွက်သွားခဲ့တော့စကားသံတို့က
နှလုံးသား၏ခုန်နှုန်းနှင့်ထပ်တူကျနေခဲ့လျှင်
ထိုအမှန်တရားကိုသူမထပ်မံဖုံးကွယ်ပါအုံးမည်မဖြစ်သင့်တဲ့ချစ်ခြင်းတွေအတွက်မစတင်ခင်က
ဖြတ်တောက်ထားသည်မှာမှန်ကန်သောရွေးချယ်မှုဖြစ်ခဲ့မည်ဟု သူမယုံကြည်ခဲ့သည်..."ထွဋ်ထွဋ် နင်မနက်စာစားပြီးပြီလား "
သူမ မဖြေခဲ့.....
အကြည့်တစ်ချက်သာပို့ပြီး မျက်နှာလွှဲခဲ့သည်..."နင်နေမကောင်းဘူးလား "
အနောက်မှအော်မေးလာသည့်ထိုလူသား၏စကားသံ
တို့ကိုမကြားဟန်ပြုကာ အသက်မပါသောခြေလှမ်းတစ်စုံဖြင့်အိပ်ခန်းဆီသို့လှမ်းခဲ့သည်.....
ရှိုက်သံသဲ့သဲ့ကသူမနောက်ကျောဆီမှကပ်ညိပါလာသယောင်ထင်ရသည်....ထိုရှိုက်သံသည် သူမထံမှမဟုတ်ခဲ့လျှင်
ထိုလူသားငယ်သည် သူမကြောင့်မျက်ရည်ကြွေနေလေပြီ...
သူမမျက်ရည်တွေကိုအရသာခံနေအုံးမည်လား.............. ............. .............
မနက်ရောက်ကတည်းက
ညကကိစ္စတို့ကခေါင်းထဲအစီအရီဝင်လာလေသည်...
ကျွန်မငိုခဲ့သည်.... ရင်ဘက်တွေအောင့်တဲ့အထိကို
ငိုကြွေးနေခဲ့သည်...ပြီးတော့သူမရဲ့ရင်ခွင်က
ပထမဆုံးအကြိမ်အဖြစ်လုံခြုံမှုကိုခံစားခဲ့ရသည်...နောက်ပြီးသူမရဲ့နှလုံးခုန်သံတွေကိုကြားခဲ့ရသည်....
ဖက်တွယ်စရာမရှိသည့်ဘဝတွင်.....
သူမရဲ့နှလုံးခုန်သံတွေသည်ကောက်ရိုးတစ်မျှင်လို
ဖြစ်ခဲ့ဟန်တူသည်...
ထိုကောက်ရိုးပင်ငယ်ကို ဖမ်းဆုပ်၍ရသမျှဖမ်းဆုပ်ချင်မိခဲ့သည်......သို့သော်........
ကျွန်မအားမသိယောင်ဆောင်၍
တုံ့ပြန်မှုတစ်စုံတစ်ရာမရှိသောသူမကြောင့်
စို့နင့်လာသောရင်ကိုထု၍သာငိုကြွေးနေမိတော့သည်
တစ်စုံတစ်ယောက်ဆီကနွေးထွေးမှုကိုရဖို့
ခက်ခဲသည်တဲ့လား....
သူမရဲ့ရင်ခုန်သံတွေကိုသေချာပေါက်ကြားခဲ့ပါလျက်
ဘုရားသခင်ကသူမအားထပ်မံလှည့်စားလေသလား...
![](https://img.wattpad.com/cover/206968831-288-k266643.jpg)
YOU ARE READING
For Life..... (Z+U)
Randomဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... ဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... Girl × Girl #moonlight