Miss

2.5K 230 15
                                    

"မင်္ဂလာပါ သားနာမည် ထူး ထူး ပါ ခင်ဗျာ့ "

လက်အုပ်လေးနှစ်ဖက်ချီကာ
မျက်လုံးလေးကလယ်ကလယ်နှင့် နှုတ်ဆက်လေသော
ကောင်လေး
ဖြူစွတ်နေသောအသားအရေ
ပြုံးလိုက်တိုင်းခွက်ဝင်သွားသည့်ပါးချိုင့်နက်နက်လေး
ဖြောင့်စင်းနေသောနှာတံတို့နှင့်ထိုကောင်လေးက
အတိုချုံ့ပြောရရင် နွေးနွေးနှင့်အတော့်ကိုတူလှသည်

10 နှစ်ကျော်လောက်သာရှိသေးသည့်ထိုကောင်ငယ်
လေးသည် နွေးနွေးနှင့်မတူညီတာကတော့
သေးသေးညှက်ညှက်လေးဖြစ်နေခြင်းပင်
အာဟာရမပြည့်ဝခဲ့လို့ထင်ပါရဲ့

"ဒီကလေးဆရာမကြီးတို့ဆီကိုရောက်လာတုန်းက
ခြောက်လသားလောက်ပဲရှိအုံးမယ်ထင်တယ်
အဲ့နေ့ကဂေဟာကဆရာတစ်ယောက်က
မြို့ကနေပြန်လာတော့လမ်းမှာ accident တစ်ခုကို
တွေ့ခဲ့တယ် မိုးတွေကလည်းသည်းနေပြီးညဘက်ဖြစ်တဲ့အပြင်လူပြတ်တဲ့လမ်းမပေါ်ဖြစ်တဲ့အတွက်
ကယ်ဆယ်ရေး ကားတွေကတော်တော်နဲ့ရောက်မလာသေးဘူး ဒါနဲ့သူဆင်းကြည့်တော့ မိဘနှစ်ပါးလုံးက
အသက် မရှိတော့ဘူး ဒါပေမယ့်အမေဖြစ်သူရဲ့
ရင်ခွင်ထဲကကလေးကတော့ အသက်ရှင်သေးတယ်
အဲ့တာကြောင့် ကလေးအသက်ကိုကယ်နိုင်ဖို့အတွက်
သူကလေးကိုခေါ်ပြီးဂေဟာကိုပြန်လာခဲ့တယ်
ဒီကလေးပြန်ကောင်းလာဖို့ ခြောက်လနီးပါးလောက်ကု
ခဲ့ရတယ် "

ဂေဟာမှူးဆရာမကြီးရဲ့စကားအဆုံးဘေးနားမှာ
ရင်ဘက်လေးကိုကိုင်ကာတစ်အင့်အင့်ရှိုက်နေတဲ့
နွေးနွေးမှာ တစ်ချက်တစ်ချက် တုန်တက်သွားသည်
နွေးနွေးကိုရင်ခွင်ထဲသို့ထည့်လိုက်ကာသူ့မျက်ရည်
တွေကိုသုတ်ပေးလိုက်သည်...
သူတော်တော်ပင်ပန်းနေပြီလေ....

"ဆရာမကြီး ကျွန်မမောင်လေးကိုပြန်ခေါ်သွားခွင့်ပြုပါ "

ဆရာမကြီးကကျက်သရေရှိစွာတစ်ချက်ပြုံးပြသည်

"ထူးထူးလေးရဲ့မိသားစုပေါ်လာလို့တစ်ကယ်ဝမ်းသာ
ရပါတယ် စာရွက်စာတန်းတွေကိုဆရာမကြီးပြင်ထားလိုက်ပါမယ် ထူးထူးလေးနဲ့စကားပြောကြည့်လိုက်ပါအုံး "

ဦးနှောက် ချို့ယွင်းချက် ရှိတဲ့ကလေးငယ်ဟု
မထင်ရက်လောက်အောင်တည်ငြိမ်ပါသောမောင်ငယ်
လေးသည် လက်လေးနှစ်ဖက်ကိုအချင်းချင်းကုတ်ဖဲ့
နေသည်.... စိတ်လှုပ်ရှားနေလို့ထင်ပါရဲ့

For Life..... (Z+U)Onde histórias criam vida. Descubra agora