like a baby

3.8K 285 12
                                    

မျှော်မှန်းထားသည့်အတိုင်းဖြစ်မလာသည့်အခါ
စိတ်တိုင်းမကျမှုတို့ကအလုံးအရင်း
ဝင်ရောက်လာသည်...

နောက်ဆုံးဘာသာမို့အစွမ်းကုန်မျှော်မှန်းထားသလို
ဂုဏ်ထူးမှတ်အထိဖြေဆိုနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်
သို့သော်လည်း...
လွယ်ကူလွန်း၍ခက်သွားခဲ့သည်လား မေးခွန်းမှောက်
သည်လားမပြောတတ်...

အထပ်ထပ်အခါခါလေ့ကျင့်ခဲ့သောပုစ္ဆာများမှာပါမလာဘဲ... မပါနိုင်ဟုထင်ကာလေ့ကျင့်မှုနည်းခဲ့သော
ပုစ္ဆာတစ်ချို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့
ရသည် ..

စာမေးပွဲအခန်းအပြင်သို့ထွက်လာသည့်ခြေလှမ်းတို့
သည် အသက်မပါလှ
အခြားကျောင်းသားများနည်းတူ မပျော်ရွှင်နိုင်ပဲ
လေ့ကျင့်မှုနည်းခဲ့သော မိမိကိုယ်ကို အားမလိုအား
မရမှုကြောင့် ကျလုဆဲမျက်ရည်ကိုသာထိန်းကာသာ
နေနေရသည်...

ခေါင်းပေါ်တွင်ပန်ထားသော သပြေခက်လေးကတော့
ညှိုးကျနေလေပြီ...

"ဖြေနိုင်တယ်မလား သမီး"

စာမေးပွဲကာလတစ်လျှောက်လုံးမှာတောင်
အနားရှိမနေပေးသည့် မေမေ နှင့် ဖေဖေ သည်
နောက်ဆုံးနေ့မှရောက်လာ၍နှမ်းဖြူးသည်ဟု
စိတ်ပေါက်ပေါက်နှင့်တွေးမိလိုက်သည်...

အကြည့်တစ်ချက်သာပေးပြီး ကားပေါ်သို့
တက်သွားလိုက်သည်.....
ကျိမ်းစပ်နေသည့်မျက်လုံးတို့ကိုမှိတ်ချလိုက်တော့
မျက်ရည်ပူတစ်ချို့ကပါးပြင်ပေါ်သို့ ကျဆင်းခဲ့
လေသည်....

..........  ...........  ...........

ကျောင်းခေါင်းလောင်းထိုးသံကြားသည်နှင့်
ကျောင်းပေါက်ဝကိုအတင်းပြေးကာ
သူမကိုမျှော်နေခဲ့သည် ....

ကျောင်းသားများကုန်ခါနီးမှထွက်လာသည့်သူမရဲ့
ပုံစံကအားမရဖွယ်ပင်...
ငိုက်စိုက်ငိုက်စိုက်နှင့်တစ်လှမ်းချင်းထွက်လာသည့်
သူမသည် နွေးနွေးကိုပင်မြင်ပုံမရ....
မေမေကြီးရဲ့အမေးစကားကိုပင် အကြည့်တစ်ချက်
သာပေးပြီးကားပေါ်တက်သွားသည်...

သူမဘေးနားဝင်ထိုင်လိုက်တော့ကားပြတင်းပေါက်ကို
မှီကာအိပ်ပျော်နေသည်လား မျက်လုံးမှိတ်ထားသည်
လားမပြောတတ်ပေ...

For Life..... (Z+U)Hikayelerin yaşadığı yer. Şimdi keşfedin