Flashback (1)

2.8K 199 3
                                    

နွေးနွေးမှာ မိသားစုလေးယောက်ရှိသည်
ဖေဖေရယ် မေမေရယ် မောင်လေးရယ်နဲ့ သိပ်ကို
ပျော်စရာကောင်းခဲ့တာ
ချမ်းသာသည်ဟုပြောလို့ရသည့်လူတန်းစားထဲတွင်
ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင် ဖေဖေကထားခဲ့သည်လေ ဖေဖေနဲ့မေမေကသူတို့မောင်နှမနှစ်ယောက်ကို
သိပ်ချစ်တယ် ကလေးအရွယ်မှာအိပ်တာစားတာ
စာလုပ်တာကလွဲပြီး အပူအပင်မရှိခဲ့
သူ့မောင်လေးနမည်က သူရိန်မင်းစက်

သူရိန်မင်းစက် နဲ့ နွေးနွေးထိုက်ဆိုတဲ့နာမည်နှစ်ခုက
ဘယ်နေရာမှမတူ အဲ့လိုကြောင့်လည်း အသိမိတ်ဆွေ
တွေထံမှ နွေးနွေးလေးကိုကောက်ရတာလို့စတိုင်း
မျက်ရည်တွေကျပြီးရှိုက်ကြီးတငင်ငိုခဲ့ရတာ
သူတို့မိသားစုနဲ့ဘေးချင်းကပ်အိမ်က အန်တီချောချော
တို့နဲ့ကသိပ်ခင်တယ် ဒေါ်မူယာခင်တဲ့

နှုတ်ခမ်းနီကိုရဲနေအောင်ဆိုးတတ်ပြီး ရီလိုက်တိုင်း
မေးနှစ်ထပ်နဲ့အန်တီကြီးက သူမမျက်လုံးထဲမှာ
သိပ်ကိုလှခဲ့တာ သူတို့စားချင်တာရှိရင်လည်း
လက်မတွန့်ဘဲဝယ်ကြွေးတတ်တဲ့အန်တီကြီးက
မေမေတို့အလုပ်သွားတိုင်းနွေးနွေးကိုအပ်ထားခဲ့ရသည်အထိကိုယုံကြည်ခဲ့တာ

မေမေကအထက်တန်းပြကျောင်းဆရာမ
ဖေဖေက အိမ်ဆောက်ပစ္စည်းရောင်းဝယ်တဲ့
အလယ်အလတ်တန်းစားကုမ္မဏီတစ်ခုကိုပိုင်တယ်
မောင်လေးကတော့တစ်နှစ်တောင်မပြည့်သေးဘူး

တစ်နေ့ နွေးနွေးရဲ့ ကိုးနှစ်ပြည့်ခါနီးဆယ်ရက်လောက်
အလိုမှာ ဖေဖေနဲ့မေမေက ဖေဖေ့မေမေအသည်းအသန်ဖြစ်လို့ပုသိမ်ဘက်ကိုချက်ချင်းဆင်းခဲ့ရတယ်
စာမေးပွဲဖြေနေရတဲ့နွေးနွေးကိုတော့ အန်တီမူယာခင်
ဆီမှာအပ်ထားခဲ့ရတယ် မောင်လေးကတော့မေမေတို့နဲ့ပါသွားခဲ့တယ်.....

တစ်ပတ်ကျော်ကြာသည်အထိပြန်မလာတဲ့ဖေဖေနဲ့မေမေကြောင့် သူကြောက်နေပြီ သူ့ကိုတကယ်ပဲ
ပြစ်ထားခဲ့တာလား...
အန်တီမူယာခင်က အစပိုင်းတစ်ပတ်ကျော်လောက်
အထိအရင်လိုကောင်းမွန်ဆဲပင်

တစ်ရက်တော့နွေးနွေးကျောင်းကပြန်လာတဲ့အချိန်
ဧည့်ခန်းထဲမှာအန်တီနဲ့ဦးလေးကြီးတစ်ယောက်စကား
ပြောနေတယ် ဦးလေးကြီးရဲ့မျက်လုံးမှာက
ဝမ်းနည်းမှုအရိပ်အယောင်တွေနဲ့ စကားသံတစ်စွန်း
တစ်စတို့ကကြားယောင်လာတော့မရည်ရွယ်ပါပဲနား
ထောင်မိလျက်သားဖြစ်နေသည်

For Life..... (Z+U)Où les histoires vivent. Découvrez maintenant