Tears

4.8K 324 14
                                    

"ဟဲ့ မနက်ကနင်တို့ကားပေါ်ကဆင်းလာတဲ့ကောင်မလေးကဘယ်သူလဲဟ "

ထွဋ်ထွဋ်အောင် မျက်မှောက်တစ်ချက်ကျုံ့လိုက်သည်
အကြည့်တို့ကတော့လက်ထဲမှာကိုင်ထားတဲ့
နို့အေးဘူးလေးပေါ်မှာပင်...

အံကိုတင်းတင်းကျိတ်ပြီး သက်ပြင်း တစ်ချက်ကို
ခပ်ပြင်းပြင်းချကာ ရှင်းခေတ် ဆီသို့အကြည့်ပို့လိုက်
သည်....

"သူလား?  သူက အိမ်ဖော် hak!  ဟုတ်တယ်
အိမ်ဖော် "

"ဟင် "

ရှင်းခေတ်ကတော့နားမလည်သလို နှုတ်ခမ်းကို
တစ်ချက်ရှုံ့လိုက်ပြီး သူ့ရဲ့အမူအကျင့်အတိုင်း
နှုတ်ခမ်းကိုတစ်တောင်လောက်ထော်ကာ

"ထွဋ်ထွဋ်အောင် ခင်ဗျာ့
ဘယ်အိမ်ဖော်ကို သားသမီးနဲ့တန်းတူ
သိန်းရာကျော်တန်တဲ့ကားနဲ့အကောင်းဆုံးကျောင်းမှာ
ထားပေးမှာလဲခင်ဗျာ့ ယုတ္တိရှိအောင်ပြောစမ်း "

ဟုတ်တာပေါ့ ဘယ်အိမ်ဖော်က
သူ့လိုကံကောင်းနိုင်ပါ့မလဲ...  ဘယ်သူမှမသိတဲ့
မဟုတ်ဘူး မသိသေးတဲ့ အရာက
ဖေဖေနဲ့မေမေရဲ့မွေးစားသမီးအသစ်လေးတဲ့

ကားတစ်စီးတည်းစီးပြီး
တစ်ကျောင်းတည်းတက်ဖို့ရွေးချယ်ပေးကြပြန်တယ်
လိုလို့လား အဲ့လောက်အထိ....

စိတ်ရှုပ်စွာဆံပင်တို့ကိုဆွဲဖွပြီး ကျစ် တစ်ချက်သက်လိုက်သည်....

"ရှင်းခေတ် နင်ပြောစမ်း
နင့်မိဘတွေကနင့်နေရာမှာအခြားသူတစ်ယောက်ကို
အစားထိုးလိုက်ရင် နင်ဘာလုပ်မလဲ "

မျက်ရစ်မရှိတဲ့မျက်လုံးတွေကိုအတင်းပြူးကာ
ပြုံးစိစိမျက်နှာပေးနှင့်သူက ထွဋ်ထွဋ်အောင် အား
တစ်ချက်ကြည့်ကာ

"ရူးနေလား အရူးမ
ရှင်းခေတ်မင်းဆိုတဲ့ကောင်ကလေ
မွေးကတည်းကချစ်ဖို့ကောင်းလွန်းလို့
ဖေဖေနဲ့မေမေတောင်နောက်တစ်ယောက်မယူနိုင်အောင်အသည်းပွတ်ဖြစ်ခဲ့တာလေ အစားထိုး?
အရူးမနင်တကယ်လွတ်သွားတာလား "

သူသည်သာချစ်ဖို့အကောင်းဆုံးဖြစ်ကြောင်း
မိဘနှစ်ပါး၏သည်းသည်းလှုပ်ချစ်ခံရကြောင်း
လက်ဟန်ခြေဟန်အပြည့်ဖြင့်ရှင်းပြနေသော
ရှင်းခေတ်မင်း ဆိုသည့်သကောင့်သားအား
လက်ထဲရှိနို့အေးဘူးအခွံဖြင့်ပစ်ပေါက်လိုက်တော့
သည် ....

For Life..... (Z+U)Where stories live. Discover now