middle night

2.8K 228 11
                                    

I wanna grow old with you ~~

I wanna die lying in your arms

I wanna grow old with you ~~

I wanna be looking in your eyes

I wanna be there for you

Sharing everything you do

I wanna grow old with you...

ဂစ်တာတစ်လက်နှင့်သီချင်းတစ်ပုဒ်ကို
ပြီးပြည့်စုံအောင်ဘယ်လိုများဆိုနိုင်ပါသလဲ...

သူ့ရင်ခွင်ထဲကဂစ်တာကိုမနာလိုစွာ
ဘေးသို့ဆွဲချလိုက်ပြီး ဂစ်တာနေရာသို့ဝင်ယူလိုက်
သည်....

ထွဋ်ထွဋ်အောင် တစ်ယောက်ရင်ခွင်ထဲသို့အတင်း
တိုးဝင်လာသောကလေးငယ်ကိုအသဲယားစွာ
ထွေးပွေ့ထားလိုက်သည်..

"ဒီသီချင်းလေးကိုငါအရမ်းကြိုက်တယ်
ဒီသီချင်းလေးထဲကလိုပဲ
နင်နဲ့ပဲငါအိုမင်းသွားချင်တယ် ငါ့ဘဝရဲ့
နောက်ဆုံးအချိန်ကိုတောင်မှပဲ
နင့်လက်ထဲမှာပဲကုန်ဆုံးချင်တယ်နွေး "

"ငါလည်းအတူတူပါပဲဟာ
ငါ့ဘဝမှာအခြားတစ်ယောက်ဆိုတာ
ဘယ်တော့မှရှိလာတော့မှာမဟုတ်ဘူး
ငါနင့်ကိုဒီလောက်ထိချစ်မိသွားလိမ့်မယ်လို့
မထင်ခဲ့မိဘူး "

ရင်ခွင်ထဲကမြင်နေရတဲ့ခေါင်းလုံးလုံးလေးထက်
အနမ်းတစ်ပွင့်ခြွေတော့ တစ်ခစ်ခစ်ရီသံလေးတွေ
တောင်ထွက်လို့...

"ငါတို့အသက်တွေကြီးတဲ့အထိအတူတူနေကြမယ်
ငါကဆေးမကုနိုင်တော့တဲ့အခါ နင်ကလည်း
ပင်စင်ယူတဲ့အခါ ခြံလေးထဲမှာ အပင်လေးတွေအတူ
တူစိုက်ကြမယ် သိုးမွှေးလေးတွေအတူတူထိုးကြမယ်
ဘုရားသွားတဲ့အခါနင့်လက်လေးကိုဆွဲပြီးသွားမယ်
ငါကမခံချင်အောင်စတဲ့အခါ နင်က ပါးရည်တွန့်နေတဲ့
နင့်လက်လေးတွေနဲ့မနာအောင်ရိုက်ပေါ့
အခုလိုဆောင်းရာသီညတွေမှာဆိုရင် နင့်ကိုယ်လေး
နွေးနေအောင်ငါကဖတ်ပြီးအိပ်မယ် တစ်ခါတစ်လေ
ဆံပင်ဖြူတွေကိုတစ်ယောက်တစ်လှည့်နှုတ်ကြမယ်
ဘဝရဲ့နောက်ဆုံးချိန်အထိနင့်လက်ကိုတွဲထားမယ် "

ရင်ခွင်ထဲကကလေးငယ်က
သူ့ဘက်ကိုလှည့်လာပြီး သူ့ကိုတင်းကြပ်နေအောင်
ဖတ်ထားတယ် ရှိုက်သံပိစိလေးတွေအရ
သူ heart ထိသွားတာနေမှာ

For Life..... (Z+U)Where stories live. Discover now