fake

2.8K 214 3
                                    

နွေးနဲ့ ထွဋ်ထွဋ် နှစ်ယောက်တည်းနေတာတစ်နှစ်ကျော်
ကြာပြီ ထွဋ်ထွဋ်ရဲ့မိဘတွေက တောင်ကြီးဘက်မှာ
ဆေးရုံခွဲဖွင့်တော့ အစမို့လို့အဲ့ဖက်မှာပြောင်းနေနေကြ
တယ် ပုံမှန်ဆိုရင်တောင်အချိန်မပေးနိုင်တဲ့မိဘတွေ
အနားမရှိတော့တာက ထွဋ်ထွဋ်အောင်အတွက်ထူးထူး
ခြားခြားကြီးလစ်ဟာမနေဘူး သူ့အနားမှာ နွေးနွေးရှိနေတာပဲလေ

လူတွေကအနေနီးတဲ့လူကိုပိုခင်တွယ်တာဖြစ်သင့်တယ်မလား.....ထွဋ်ထွဋ်ရဲ့နေ့ရက်တွေကများသောအား
ဖြင်ရိုးရှင်းတယ် မနက်အိပ်ကာနိုးတာနဲ့ကြီးမေပြင်ပေးတဲ့မနက်စာကိုနွေးနဲ့အတူစားတယ်
ပြီးရင်နွေးကိုကျောင်းဝင်ပို့ပြီးမှအတန်းထဲရောက်ဖြစ်
တယ်

နွေးကပညာရေးတက္ကသိုလ်မှာတက်နေတဲ့ပထမနှစ်
ကျောင်းသူတောင်ဖြစ်နေပြီ သိပ်လှတဲ့ဆရာမပေါက်စ
လေးကကျောင်းရဲ့ Queen တဲ့ အဖြူအစိမ်းရင်ဖုံး
ကိုရိုးရိုးလေးဝတ်ဆံပင်လေးထုံးထားတာက တင်
သိပ်ကိုကျက်သရေရှိလွန်းနေတာ ကျောင်းသူဘဝ
တုန်းကလိုအဖြူအစိမ်းဝတ်တာတောင်မှပဲထူးထူး
ခြားခြားကျက်သရေရှိနေတာက ဆရာမဆိုတဲ့ဂုဏ်
ကြောင့်ထင်ပါရဲ့...

ဆေးတက္ကသိုလ် နဲ့ ပညာရေးတက္ကသိုလ်ဆိုတာက
ဘေးချင်းကပ်ရပ်တောင်မှပဲ နွေးကို သူ့ကျောင်းဘက်
ကိုယောင်လို့တောင်မလာစေချင်ဘူး
နွေးကိုကြည့်တဲ့အကြည့်တွေကိုသူမကြိုက်ဘူး
ဒီလိုအချိန်တွေမှာ ထွဋ်ထွဋ်အောင်တစ်ယောက်လူ
သတ်ချင်လောက်တဲ့အထိပဲ...

"ဟဲ့ ထွဋ်ထွဋ်! !ဟာ ငေးနေပြန်ပြီ ငါဘာပြောလိုက်လဲသိလိုက်လား "

"Sorry! နင်ဘာပြောလိုက်တာလဲ "

အနားမှာရှိတဲ့ရှင်းခေတ်မင်းကိုမေ့ကာ
အတွေးပင်လယ်လက်ပစ်ကူးနေမိခြင်းပင်

"တော်ပြီဟာ မပြောတော့ဘူး "

"မပြောချင်လည်း နေဟာ မပြောနဲ့ "

လက်စွဲတော်မျက်စောင်းကြီးကဒိုင်းခနဲပစ်ဝင်လာကာ
စကားပြောဖို့အရှိန်ယူနေတော့သည်
အလကားကောင် ပြောချင်နေရဲ့သားနဲ့ မူပိုနေတာ

"ကောင်မရေ ငါပြောမယ်သေချာနားထောင်
ငါ့ကိုတစ်ခုလောက်ကူညီလို့ဆိုနေ "

For Life..... (Z+U)Where stories live. Discover now