unknown

4.2K 355 11
                                    

"ဦးလေး သူ့ကို သူ့အခန်းထဲ ရွေ့ပေးလိုက်ပါ "

ကားပေါ်ကမဆင်းခင် driver ဦးလေးအားပြောပြီး
သူ့ကိုယ်ပေါ်တွင်ခြုံပေးထားသော သူမရဲ့
အနွေးအင်္ကျီလေးအား ပြန်ဆွဲယူကာ ကားပေါ်မှဆင်းရန်ပြင်လိုက်သည်....

"သမီးလေး.. ကလေးမလေးရဲ့အင်္ကျီတွေကိုလဲပေး
လိုက်ရင်ကောင်းမယ်နော် "

ဆင်းခါနီးခြေထောက်တို့ကတုံ့ခနဲရပ်ကာ
သူမအားငဲ့ကြည်လိုက်တော့ အိပ်မောကျနေသည်

"ကြီးမေ ကိုလဲခိုင်းလိုက်လေ "

"ဟို.. ဟို...သမီးရယ် ကြီးမေကခွင့်ယူထားတယ် "

"ကျစ် အိမ်မှာမိန်းခလေးဆိုလို့ကြီးမေပဲရှိတာလား
ကျန်တဲ့လူတွေရောမရှိတော့ဘူးလား စိတ်ရှုပ်ရတဲ့
ကြားထဲ "

ဘုဆက်ဆက်တစ်ခွန်းဆိုကာ
အိမ်ထဲသို့ဝင်လာလိုက်သည်...
အလကားအပိုလုပ်လွန်းတယ်

"ဘာကိစ္စပဲရှိရှိအခန်းထဲဘယ်သူမှပေးမဝင်နဲ့
သမီးစာလုပ်မှာမို့လို့ "

"အေး အေး ပါကွယ် "

မှတ်လောက်သားလောက်အောင်ပစ်ထား
ချင်ခဲ့သော်လည်းအသည်းမမာသည့်ကိုယ်ကပင်
ပြန်လှည့်ခေါ်ခဲ့ရသည်..

သူမနဲ့ပတ်သတ်ပြီး တွေဝေမှုတွေမရှိချင်တော့ပါ
လွယ်အိတ်ထဲရှိတွေ့ရာစာအုပ်ကောက်ထုတ်ကာ
ဟိုခြစ်သည်ခြစ်လုပ်နေလိုက်သည်..

သူသက်သာရဲ့လား
အင်္ကျီရောဘယ်သူလဲပေးလိုက်လဲ
နေမကောင်းဖြစ်နေရင်ဘယ်လိုလုပ်မလဲ

မရည်ရွယ်ပါပဲဝင်လာတဲ့အတွေးတွေက
သူမရဲ့စာလုပ်ခြင်းကိုပျက်စီးစေရန်ရည်ရွယ်သည်
လားမသိပေ

တောက်! !!

ဘောပင်ကိုခပ်ကြမ်းကြမ်းဆောင့်ချကာ
တောက်တစ်ချက်ခေါက်ပြီး အိမ်အောက်ထပ်သို့
ဆင်းလာခဲ့သည်.....

ရွာနေသည့်မိုးကလဲမစဲသေးပေ
တစ်ချက်တစ်ချက်လက်သွားသောလျပ်စီးကြောင်းများ
ကကြောက်တတ်သူအဖို့အသဲငယ်စရာဖြစ်သည်

ညနေခြောက်နာရီသာရှိသေးသော်လည်း
မဲမှောင်နေသည့်မိုးသားတိမ်တိုက်များကြောင့်
ပတ်ဝန်းကျင်တွင်အလင်းရောင်ပင်မရှိတော့..

For Life..... (Z+U)Where stories live. Discover now